Channel Myanmar

K. S. G. Venkatesh

Naan Mirugamaai Maara (2022) 5.8
Naan Mirugamaai Maara (2022) Naan Mirugamaai Maara (2022)အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့ Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက် မှေးမှိန်သွားခဲ့ပါတယ်။ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့် တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါ သူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ...။အောင်မြင်နိုင်ပါ့မလား..။သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးကြပါဦးနော်...။ File size…1.83GB / 778MB Quality… 1080p WEB DL / 720p Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni
movie

Naan Mirugamaai Maara (2022)

2022
Sinam (2022) 5.9
Sinam (2022) Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie

Sinam (2022)

2022
Kuthirai Vaal(2021) 6/9
Kuthirai Vaal(2021) Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်)  File size…2GB / 900MB Quality…1080p WEB DL  AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie

Kuthirai Vaal(2021)

2021
Veerame Vaagai Soodum (2022) 7.7
Veerame Vaagai Soodum (2022) Veerame Vaagai Soodum (2022)"သူတို့က လူချမ်းသာတွေပဲလေ ငါတို့ကဘာလုပ်နိုင်မှာလဲ" လူချမ်းသာဖြစ်တိုင်းပြစ်မှုကျုးလွန်ရင်တောင် လွတ်ကင်းခွင့်ရမှာလား အဲ့လိုပြစ်မှုကျူးလွန်သူတွေပေါ်ထွက်လာရတာက သူတို့ကို ကာကွယ်ပေးနေတဲ့သူရှိတယ်ဆိုတဲ့အချိန်ကစတင်တာပဲ"အလန်းစားဇာတ်ညွှန်း​တွေ နာမည်​ကြီးမင်းသားVishalအပြင် ရုံဝင်ငွေ ၁၇.၄ကုဋေထိရထားတဲ့\Rating 7.7 ထိရထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုဆက်ရမယ်ဆိုရင် ပိုရပ်စ်ဟာ လက်ထောက်စုံထောက်ဖြစ်ချင်နေတဲ့သူပေါ့ကိုယ်တိုင်ကလည်းမတရားမှုကြုံလာရင် ငြိမ်မခံတတ်တဲ့သလို ဖခင်ဖြစ်သူရဲဌာနမှာတင်မှာသာမကလူချမ်းသာတွေ အာဏာအလွဲသုံးစားလုပ်မှုတွေကို မြင်တွေ့နေရတဲ့ချိန်အလယ်လတ်တန်းစားမိသားစုကလူတစ်ယောက်က အာဏာ အလွဲသုံးစားနေတဲ့ကိစ္စတွေကို မေးခွန်းထုတ်လာတဲ့အချိန်မှာ.....ဘယ်လိုတွေ စိတ်ဝင်စားဖို့​ ကောင်းတဲ့အကြောင်းအရာတွေဆက်ဖြစ်မလဲဆိုတာကြည့်ပေးကြပါဦး  File size…2.6GB/1.9GB Quality…1080p WEB DL/720p WEB DL Format…mp4 Duration….2h 46min Subtitle….Myamar Subtitle (hard sub) Encoder….YK Translated by CM Team
movie

Veerame Vaagai Soodum (2022)

2022
Oh Manapenne! (2021) 7.4
Oh Manapenne! (2021) Oh Manapenee (2021) ====================မိသားစုကားလေးတွေကိုမှ နှစ်သက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက်အိန္ဒိယဇာတ်လမ်းကောင်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အင်ဂျင်နီယာဘွဲ့ရဖို့အတွက် အဖေကအစ "ငါ့သားရယ် စာခိုးချပြီးအောင်အောင်သာလုပ်ပါတော့" လို့ပြောရလောက်အောင် ပျင်းရိပြီး ကြိုးစားချင်စိတ်လုံးဝမရှိတဲ့ ကာသစ်..... ကာသစ်တစ်​ယောက် ပျင်းရိပေမဲ့လည်း သူ့ဘဝမှာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ပါပဲတစ်ဖက်မှာလည်း ဩစတြေးလျမှာ အခြေချဖို့ ရည်မှန်းချက်ထားသူ ကောင်မလေး ဆူရသီ....ဆူရသီရဲ့ ဖခင်ဟာ ယောကျ်ားလေး လိုချင်ပေမဲ့လည်းငယ်ငယ်ပ နွားကို ကျောက်ခဲနဲ့ပေါက်လို့ သူ့မှာသမီးလေး မွေးလာရပါတယ်ဆိုပြီး ရင်ထုမနာဖြစ်နေတဲ့အခါ....ဆူရသီတစ်ယောက် သူဟာ မိန်းကလေးဖြစ်ပေမဲ့လည်းယောကျာ်းလေးများနဲ့တန်းတူစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ်တစ်နေ့မှာတော့ ကာသစ်တို့မိသားစု ကြင်ဖက်တွေ့ဖို့လာရင်းဆူရသီတို့အိမ်ကို မှားဝင်မိတဲ့အခါ....အပျင်းတစ်နေတဲ့ ကာသစ်နဲ့ အမြဲတမ်းတက်ကြွကြိုးစားနေတဲ့ ဆူရသီ.... သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်မလဲ???ဘယ်လို အဖြစ်အပျက်လေးတွေကနေ သူတို့နှစ်ဦးနီးစပ်သွားမလဲဆိုတာ အားပေးကြည့်ရှုပေးကြပါဦးနော်အညွှန်းကို‌တေ့ာ အပျင်းတစ်ရွှေပွင့်မှ ရေးပေးထားပြီးဘာသာပြန်ဆိုထားသူတွေကတော့ Shwe PyaeShwe Pwint & Lai Laii တို့ပဲ ဖြစ်ပါတယ်  File size…2.17GB / 1.24GB Quality…1080p ...
movie

Oh Manapenne! (2021)

2021
Nota (2018) 6.4
Nota (2018) NOTA (2018) Reviewဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ .....ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။  Translate and Review by Shwe Poe EainEncoded By : YKQuality :1080p WEB-HD ...
movie

Nota (2018)

2018
Maayavan (2017) 7.4
Maayavan (2017) အင်​စပက်​တာ ကုမုရာဆိုသူဟာ တစ်​​နေ့ မှာ သူခိုးတစ်​​ယောက်​ကို လိုက်​ဖမ်းရင်း လူသတ်​မှုတစ်​ခုနဲ့ အမှတ်​မထင်​ ကြုံလိုက်​ရပါတယ်​အမျိုးသမီးတစ်​​ယောက်​ကို လူတစ်​​ယောက်​က ရက်​ရက်​စက်​စက်​ သတ်​​နေတာဖြစ်​ပါတယ်​အဲ့ဒီလူကို လိုက်​ဖမ်းရင်း သူ​သေကိုယ်​​သေ ဖိုက်​ကြရင်း လူသတ်​သမားလည်း ​သေ. . .ကုမုရာလည်း ​ဆေးရုံမှာ သုံးလ​လောက်​ ကုသမှုခံယူလိုက်ရပါတယ်​​ဆေးရုံကဆင်းပြီး တာဝန်​ပြန်ထမ်း​ဆောင်​​တော့ ဒုတိယလူသတ်​မှုနဲ့ ကြုံရပြန်​ပါတယ်​နာမည်​​ကျော်​မင်းသမီး ​သေဆုံးမှုဖြစ်​ပြီး အသတ်​ခံရသူရဲ့ လက္ခဏာနဲ့ ​သေဆုံးပုံက ပထမလူသတ်​မှုနဲ့ ဆင်​တူ​နေပါတယ်​မင်းသမီးနဲ့ တရင်းတနှီး​နေတဲ့ မိတ်​ကပ်​ဆရာကို မသင်္ကာလို့ အိမ်​လိုက်​သွားပြီး စစ်​​မေးတဲ့အခါ မိတ်​ကပ်​ဆရာဟာ အခုတ​လော ထူးဆန်းတဲ့ အမူအကျင့်​​တွေ ပြုမူ​နေ​ကြောင်း သိရပြီးအမှုဟာ ထင်​တာထက်​ ပိုရှုပ်​​ထွေးလာခဲ့ပါတယ်​ဒီကားဟာအိန္ဒိယ​တောင်​ပိုင်းကားတစ်​ကားအ​နေနဲ့ ထူးခြားတဲ့ သိပ္ပံကားတစ်​ကားဖြစ်​ပြီးတာမီးလ်​မင်းသား Sundeep Kishan နဲ့  ​ဘောလိဝုဒ်​မင်းသားကြီး Jackie Shroff တို့ အပြိုင်​ကြဲထားတဲ့ Thrillor ကား​ကောင်း တစ်​ကားဖြစ်​ပါတယ်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုမြင့်သူပါ) File Size : ...
movie

Maayavan (2017)

2017