Channel Myanmar

Kacey Clarke

Resident Evil: Afterlife (2010)
Resident Evil: Afterlife (2010) ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွား​တွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့​ပေမဲ့ မ​အောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီ​နောက် ၆လအ​ကြာမှာ တတိယ​မြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာ​ကေးဒီးယားဆိုတဲ့ လွတ်​မြောက်ရာ​ဟာ တကယ်မဟုတ်မှန်း သိသွားတဲ့​အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ ​လျှောက်သွား​ရင်း အယ်အေကို​အ​ရောက်မှာ အကူအညီလိုအပ်​နေတဲ့ လူတစ်စုကို သွား​တွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီ​တွေလက်ကလွတ်​အောင် ကူညီ​ပေးရင်း သူတို့ သိထားတဲ့ အာ​ကေးဒီးယားဆိုတဲ့​ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်​အေနားက သင်္ဘောကြီးတစ်စီး​ပေါ်က ထုတ်လွှင့် ​နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ ​တော့တယ်။ အဲဒီသင်္ဘော​ပေါ်ကိုရောက်မှ ​အဲလ်ဘတ်ဝက်စ်ကာရဲ့ ​ထောင်​ချောက်ဖြစ်​နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘော​ပေါ်မှာ ဖမ်းခံထားတဲ့လူ​တွေကို ကယ်တင်ရပါ​တော့တယ်။  File size…     3.8 GB / 1.5 GB /   710 MB Quality… BluRay 4K / 1080p / ...
movie

Resident Evil: Afterlife (2010)

4K HEVC
Lake Placid 3 (2010)
Lake Placid 3 (2010)  (function(f,b,n,j,x,e){})();ဇာတ်ကားနံပါတ် 2 မှာ ရေကန်ထဲကမိကျောင်းတွေကိုရှင်းပစ်ပြီးအတွက်မိန်းမြို့ကအရင်လိုပြန်စည်းကားနေပါတယ်။ ဒါပေမယ့် မိကျောင်းအန္တရာယ်တွေကိုသတိထားကြောက်နေရတုန်းပါပဲ။ တာဝန်ခံတောခေါင်းဝေလင်းဂျာကတော့သူ့လက်ထက်မှာအရင်လိုထပ်ဖြစ်မှာစိုးတဲ့အတွက်ရေကန်ကိုတောက်လျှောက်ကင်းလှည့်နေပါတယ်။ တစ်ဖက်မှာအဖွားကြီးဆေဒီရဲ့ တူဖြစ်သူ နေသန်ဟာ ရေကန်ဘေးကသူ့‌အဒေါ်ပိုင်ဆိုင်တဲ့အိမ်ကိုရောင်းချဖို့အတွက်လာရောက်ကြည့်ရှုနေပါတယ်။ နေသန်ကတိရိစ္ဆာန်ဗေဒပညာရှင်ဖြစ်တဲ့အတွက် သစ်တောနားက သမင်ကြီးတွေကိုလေ့လာကြည့်ရှုရင်းနဲ့ ရောင်းမယ့်အိမ်မှာ ခဏတာနေနေပါတယ်။နောက်ပိုင်းမှာ အချက်ပေးစက်တပ်ထားသမင်တစ်ကောင်က မြစ်နားအသတ်ခံလိုက်ရတယ်။ အစက ဒါကိုအမဲခိုးလိုက်သူတွေရဲ့လုပ်ရပ်လို့ထင်ထားပေမယ့် ခဏခဏပျောက်ဆုံးနေတဲ့အခါ မသင်္ကာတော့ပဲတောခေါင်းနဲ့အတူ လိုက်လံရှာဖွေကြည့်တဲ့အခါတော့.... File size…2.26 GB / 1.21 GB Quality…WEB-Rip  1080p / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Lake Placid 3 (2010)

Green Street Hooligans: Underground 5.7
Green Street Hooligans: Underground Green Street 3: Never Back Down (2013)================================= ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကိုအရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလိုအားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေအကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင်အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကိုပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာအရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ရန်ပွဲတွေဟာ ...
movie

Green Street Hooligans: Underground