Channel Myanmar

Kadeem Hardison

ClearMind (2024)
ClearMind (2024) ClearMind (2024)~ Rotten Tomatoes - 100% ~ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ... အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ...ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား... နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ...
movie

ClearMind (2024)

2024
Renaissance Man (1994)
Renaissance Man (1994)   1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre...  Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina 
movie

Renaissance Man (1994)

Paddleton (2019) 7.2
Paddleton (2019) unicodeဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက်အရမ်းကိုကောင်းတဲ့ Comedy/Dramaအမျိုးအစား ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။Ratingတွေ အနေနဲ့ကလဲ Imdb 7.2/10 Rotten Tomatoes 90% တောင်ရရှိထားတာမလို့ဘယ်လောက်ကောင်းလဲ အထွေအထူးရှင်းပြဖို့မလိုပေမယ့်ဇာတ်လမ်းအကျဉ်းလေးကိုတော့ တင်ဆက်ပေးလိုပါသေးတယ်။မိုက်ကယ်နဲ့ အန်ဒီဆိုတာမိသားစုဝင်တွေထက်တောင်ရင်းနှီးကြတဲ့ အိမ်နီးချင်းနှစ်ယောက်ပါ။အတူတူစားမယ်၊အတူတူရုပ်ရှင်ကြည့်မယ်၊တစ်ယောက်ပြောတဲ့ပေါက်ကရတွေကို တစ်ယောက်ကနားလည်ကြတဲ့နွေးထွေးတဲ့မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးမျိုးပေါ့။တစ်နေ့မှာတော့ မိုက်ကယ်မှာ ကင်ဆာနောက်ဆုံးအဆင့်ကိုစစ်ဆေးတွေ့ရှိလာပါတော့တယ်။ဆရာဝန်တွေတောင်လက်လွှတ်လိုက်တဲ့ အခြေအနေမှာမိုက်ကယ်ကလဲကုသဖို့ထက် သေလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမယ့် သူရဲ့နောက်ဆုံးခရီးမှာ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ အန်ဒီကိုဘေးနားရှိစေချင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ?ဘာတွေရင်ဆိုင်လာရမလဲဆိုတာစိတ်ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမယ့်ကားလေးပါ။ရယ်ရင်းမောရင်းဆိုတဲ့အတိုင်း ရင်မောရတဲ့ခံစားချက်ကိုရယ်ရင်းကြည့်ရှုနိုင်မယ့်ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းလေးနာမည်ကတော့ Paddleton(2019) ပါ။ဇာတ်ကားကောင်းလေးမလို့ဒေါင်းယူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 830 MB , 269 MB )Quality : WEB-DL 720pRunning Time : 1 hr 29minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Aye. Mon ...
movie

Paddleton (2019)