Channel Myanmar

Kaia Gerber

Bottoms (2023) 7.2
Bottoms (2023)  လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမားတွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြောထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.63 GB / 694 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Bottoms (2023)