Channel Myanmar

Kaley Cuoco

Alvin and the Chipmunks: The Road Chip
Alvin and the Chipmunks: The Road Chip ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန်တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင်အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီးသူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့်​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Alvin and the Chipmunks: The Road Chip

2015
Role Play (2023) 5.5
Role Play (2023) The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့...။ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle ...
movie

Role Play (2023)

Meet Cute (2022) 5.5
Meet Cute (2022) Meet Cute (2022)ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲ ဖြစ်ဖြစ် ထွက်သွားတာကိုထိုင်ကြည့်ရတာ အင်မတန်ဒုက္ခများပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရသော ဒုက္ခဆိုသလို ဒီဒုက္ခကိုလည်း အံတုချင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါပဲ။Meet Cute ထဲက ရှီလာကလည်း ဒီလိုပါပဲ၊ ချစ်ရတဲ့ ဂယ်ရီနဲ့ တွေ့ခဲ့ရတဲ့ညကို အဘက်ဘက်က ပြီးပြည့်စုံချင်နေပါတယ်။ ပြီးပြည့်စုံအောင်လည်း အချိန်တွေနောက်ပြန်သွားပြီး ဂယ်ရီကို အမျိုးမျိုးပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ ဂယ်ရီ့ရဲ့ ငယ်ဘဝတွေထိပါပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လောကကြီးက ဒီလောက်မလွယ်ကူမှန်းသိခဲ့ရဖို့ အ‌ချိန်တွေအကြာကြီးအကုန်ခံခဲ့ရပါတယ်။Kaley Cuoco ရဲ့ ကလပ်တက်တက် သရုပ်ဆောင်မှုနဲ့ Pete Davidson ရဲ့မထုံတက်‌သေးအမူအရာပေါင်းစပ်ထားတဲ့ ဒီကားက သရုပ်ဆောင်နေရာမှာတော့ အတော်လေးအားရစရာကောင်းပါတယ်၊ Plot Twist တွေလည်း များပြီးတော့ ဇာတ်အိမ်ခိုင်တဲ့ကားမို့ ဘယ်လိုတွေ အချိန်ခရီးသွားလဲ၊ ဂယ်ရီ့ကို ဘာတွေပြောင်းလဲခဲ့လဲဆိုတာကတော့ Meet Cute မှာပဲ ရှုစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Meet Cute (2022)

2022
The Man From Toronto (2022) 5.7
The Man From Toronto (2022) ဟာသသရုပ်ဆောင် ကယ်ဗင်ဟာ့ နဲ့ ဝူဒီ ဟာရယ်ဆန်တို့ ပါဝင်ထားတဲ့ နက်ဖလစ် ဟာသ အက်ရှင် ကားအသစ်ထွက်လာပါပြီ။ Hitman Bodyguard နဲ့အတော်ဆင်ပါတယ်။ ရယ်ရတယ်၊ အတိုက်အခိုက်တွေပါတယ်။ rating လည်း ကောင်းကောင်းရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက်ဒီဆိုတဲ့လူဟာ ဘာလုပ်လုပ်တလွဲတွေချည်းပဲမို့ အလုပ်မှာမအောင်မြင်တဲ့လူတစ်ယောက်ပါ။ သူ့မိတ်ဆွေတွေကတောင် တစ်ယောက်ယောက်တလွဲလုပ်ရင် တက်ဒီမလုပ်နဲ့ဆိုပြီး ပြောင်ကြတဲ့အထိပါပဲ။ သူ့မိန်းမရဲ့ မွေးနေ့အတွက် တဲအိမ်တစ်ခုကိုသွားနေရာချရင်း လွဲနေကျ တက်ဒီတစ်ယောက် တဲမှားပြီးရောက်သွားပါတယ်။သူရောက်သွားတဲ့ တဲက လူတွေကတော့ တိုရန်တိုကလူ ဆိုတဲ့ နာမည်ကြီး ကြေးစားလူသတ်သမား၊ နှိပ်စစ်စစ်ဆေးရေးသမားကို မျှော်နေကြတာပါ။ သူတို့ကလည်း တိုရန်တိုကလူကိုမမြင်ဖူးဘဲ တက်ဒီ့ကို အရှုပ်ထုပ်ကြီးထဲ ဆွဲထည့်မိသွားတဲ့အခါ... File size…(1.98GB/(1.07GB)/(772MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action / Comdey / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

The Man From Toronto (2022)

A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014