Channel Myanmar

Kali Rocha

Brake (2012) 6.1
Brake (2012)  ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီးထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီးဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ်သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာအရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…2.14GB / 936MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Brake (2012)

Puppy Love (2012) 6.1
Puppy Love (2012)  IMDb - 6.1/10ဇာတ်လမ်းအညွှန်း single mother မီဂန်နိုလန်ဟာ သူ့ရဲ့ ၁၀နှစ်အရွယ်သမီးလေးကိတ်လင်းနဲ့အတူ မြို့အသစ် အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။အိမ်အသစ်မှာ ကိတ်လင်းအတွက် သူငယ်ချင်းအသစ်တွေရမယ်လို့မျှော်လင့်ထားပေမယ့်လည်း တကယ်တော့ ကိတ်လင်းဟာအိမ်နီးချင်းရဲ့ခွေးလေးနဲ့သာ ဆော့ကစားနေရပါတယ်။ စိတ်မကောင်းဖြစ်မိတဲ့ မီဂန်က သူ့သမီးအတွက် ခွေးလေးမွေးစားဖို့ စိတ်ကူးလိုက်ပါတယ်။ အဲ့ဒီမှာ သူတို့က ခွေးထိန်းသိမ်းရေးစခန်းက ခွေးလေးကိုမွေးလိုက်ကြပါတယ်။ ဒီခွေးလေးက ရိုးရိုးလမ်းဘေးခွေးလေးမဟုတ်ပါဘူး။ဒီခွေးလေးရဲ့နာမည်က ဂျိတ်… သူ့သခင်က ဘေ့စ်ဘောအားကစားသမားဘန်ဖူလာပါ။ ဘန်က ဘေ့စ်ဘောသွားကစားနေတုန်း ဂျိတ်ကို အိမ်မှာထားခဲ့ပေမယ့် ဂျိတ်က ဘန်နောက်ကိုလိုက်လာရင်း လမ်းမှာလမ်းပျောက်သွားတာပါ။ ဒါ့ကြောင့် ဘန်ဟာ သူ့ခွေးလေးကို လိုက်ရှာနေတယ်။ဒီလိုနဲ့ ဘန်နဲ့ မီလန်တို့ သားသမီးနှစ်ယောက်နဲ့ ဆုံတွေ့သွားကြပြီးဇာတ်လမ်းလေးတစ်ခု ပေါ်လာပါတော့တယ်။ ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.55GB / 745MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie

Puppy Love (2012)

The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)

Autumn in New York(2000) 6.7
Autumn in New York(2000) Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Autumn in New York(2000)

Meet the Fockers (2004) 6.3
Meet the Fockers (2004)  Meet The Fockers (2004)ကဲကဲ Meet The Parents ကြည့်ပြီးတဲ့နောက် အများစု မျှော်လင့်နေကြလောက်မယ့် Meet The Fockers လေး လာပါပြီဗျ ။ပထမတစ်ကားမှာ အလွဲလွဲအချော်ချော်ဖြစ်ပြီး ရယ်ခဲ့ရသလိုမျိုးပဲ အခုကားကလည်း အဲ့ဒီထက် နှစ်ဆ လောက် ထပ်ပြီး ပါးစပ်မပိတ်နိုင်ဘဲ ရယ်နေရမယ် ဆိုတာ အာမခံပါတယ်ဗျာ ဇာတ်လမ်းကတော့ Meet The Parents မှာ ဂျက်ရဲ့ ယုံကြည်မှုစည်းဝိုင်းထဲကို ပြန်ရောက်ခဲ့တဲ့ ဂေး လော့ဒ် တစ်ယောက် ဂျက်ကို သူ့မိဘတွေနဲ့ တွေ့ဆုံဖို့ မိုင်ယာမီအထိ ခေါ်သွားရပါတော့တယ် အဲ့လိုနဲ့ နှစ်ဘက်မိဘတွေ အချင်းချင်း တွေ့ဆုံကြရင်းနဲ့ ဘယ်လို အလွဲလေးတွေ ဖြစ်ပြီး ရယ်နေရမလဲ ဂျက် အနေနဲ့ ဖော်ကာတို့မိသားစုကို နှစ်သက်မလား ဂရက်ကို သူ့သမီးနဲ့ သဘောတူလိုက်မလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ကြပါ ။( ဘာသာပြန်ပြီး ...
movie

Meet the Fockers (2004)

Buried (2010) 7.0
Buried (2010) Buried (2010)IMDb - 7.0/10_____Rotten - 87%    IMDb Rating 7.0 ထိရရှိထားပြီး သည်းထိပ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက် အထူး စပါယ်ရှယ် ဇာတ်ကားတစ်ကားကို တင်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ပေါလ်ဟာ အမေရိကန်တယောက်ဖြစ်ပြီး အီရတ်မှာ ထရပ်ကားမောင်းနှင်သူတယောက်ဖြစ်ပြီး တနေ့မှာ အီရတ်သားတစ်စု ရဲ့ တိုက်ခိုက်မှုကိုခံရပြီး မေ့မျောသွားခဲ့ရာမှ သတိရလာသောအခါမှာတော့ မီးခြစ်တစ်လုံး ဆဲလ်ဖုန်းတလုံး ဖြင့် သစ်သားအခေါင်းတစ်ခုထဲမှာ ထည့်မြှုပ်ခံလိုက်ရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ဘယ်လိုများကြံဖန်မလဲ လွတ်ကောလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်  ဘာသာပြန်သူကတော့ ကို စိုးဇေယျာဝင်းပဲဖြစ်ပါတယ်ဗျ    IMDb Rating 7.0 ထိရရှိထားပြီး သည်းထိပ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက် အထူး စပါယ်ရှယ် ဇာတ်ကားတစ်ကားကို တင်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ပေါလ်ဟာ အမေရိကန်တယောက်ဖြစ်ပြီး အီရတ်မှာ ထရပ်ကားမောင်းနှင်သူတယောက်ဖြစ်ပြီး တနေ့မှာ အီရတ်သားတစ်စု ရဲ့ တိုက်ခိုက်မှုကိုခံရပြီး မေ့မျောသွားခဲ့ရာမှ သတိရလာသောအခါမှာတော့ မီးခြစ်တစ်လုံး ဆဲလ်ဖုန်းတလုံး ဖြင့် သစ်သားအခေါင်းတစ်ခုထဲမှာ ထည့်မြှုပ်ခံလိုက်ရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ဘယ်လိုများကြံဖန်မလဲ လွတ်ကောလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်  ဘာသာပြန်သူကတော့ ကို စိုးဇေယျာဝင်းပဲဖြစ်ပါတယ်ဗျ    File Size - 820 MB Quality - Blu Ray Rip 720p Format - mp4 Duration - ...
movie

Buried (2010)

2010