Channel Myanmar

Kalled Mustonen

Red Dot (2021) 5.5
Red Dot (2021)  တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကိုမြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လိုစိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသားဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကိုပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lightsတွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်းရုတ်တရက်ကြီး  Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့  ကြည့်ရှူသူ‌တွေကိုအဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twistအပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေးကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror ...
movie

Red Dot (2021)

The Girl with the Dragon Tattoo(2009) 7.9
The Girl with the Dragon Tattoo(2009) The Girl with the Dragon Tattoo(2009)အညွှန်း*****************************************IMDb...7.9ဇာတ်ကောင်တွေထဲမှာ သူရဲကောင်းဆန်ဆန်စရိုက်မျိုးစုံရှိပေမဲ့ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်ဘဝနဲ့ရင်းပြီးပေးလိုက်ရလုနီးပါး အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းပြီး အတွေ့အကြုံနဲ့ လာမဲ့အနာဂတ်မှာကြိုးစားဖြတ်သန်းတဲ့ ပုံစံတွေဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်....ဒီလိုပုံစံတွေထဲမှာ ဂန္တဝင်ဝတ္ထုကြီးအဖြစ်သတ်မှတ်ခံရတဲ့ဆွီဒင်နိုင်ငံသား စာရေးဆရာ Stieg Larsson ရဲ့ "Millennium"  စာအုပ်ဟာအထင်ကရဖြစ်တယ်...hacker မိန်းကလေး Lisbeth Salander နဲ့ အဓိက ဇာတ်အိမ်တည်ထားပါတယ်..အပေါ်ကပြောသလိုဇာတ်ကောင်ရဲ့ စရိုက်နဲ့ သူဖြတ်သန်းပုံတွေဟာ ကြမ်းတမ်းလွန်းတယ်....စာအုပ်ကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား(၃)ကားလုံးဟာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်...ဒီကားတွေဟာ အစဉ်လိုက်ကြည့်ရမှာပါ ...ပြီးတော့ Scene တစ်ခုချင်းစီတိုင်းကို ကျော်ကြည့်လို့မရသလိုဂရုတစ်စိုက်မှတ်ထားဖို့လည်းလိုပါတယ်...Plot Twist တွေအများကြီးပါသလို ဇာတ်ကောင်တွေရဲ့နာမည်တွေကလည်းအရေးကြီးအစိတ်အပိုင်းဖြစ်လို့  သေချာလေးကြည့်ဖို့လိုပါတယ်...တစ်နှစ်ထဲမှာ (၃)ကားထွက်လို့ ကားနာမည်တွေနဲ့ပဲအစဉ်လိုက်မှတ်သားကြည့်စေလိုပါတယ်....(1)The Girl with the Dragon Tattoo (2009)(2)The Girl Who Played with Fire (2009)(3)The Girl Who Kicked the ...
movie

The Girl with the Dragon Tattoo(2009)