Channel Myanmar

Kaloian Vodenicharov

The Tournament (2009) 6.0
The Tournament (2009)  ကြေးစားလူသတ်သမား​​တွေချည်း အ​​​ယောက် ၃၀ ​တိတိစုထားပြီးတစ်မြို့လုံးကို သတ်ကွင်းအဖြစ်ပြောင်းလဲလိုက်ပြီး စီစီတီဗွီ​တွေ၊ဆက်သွယ်​ရေးစနစ်​တွေကို အကုန်ထိန်းချုပ်ကာ လူသတ်ပြိုင်ပွဲတစ်ခုလို ​​နောက်ဆုံးတစ်​ယောက်ပဲ ကျန်တဲ့အထိ အ​သေအ​ကြေသတ်ဖြတ်ရတဲ့ ဆု​ကြေး​ဒေါ်လာ၁၀သန်းတန် ပြိုင်ပွဲနဲ့ ဒီပြိုင်ပွဲကိုလာ​ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်ကမ္ဘာလုံးက လူသတ်သမားများ၊ဇနီးသည်ကိုသတ်ဖြတ်သွားတဲ့ လူသတ်သမားကိုလက်စား​​ချေဖို့ပြိုင်ပွဲကို တ​ကျော့ပြန်​ရောက်လာတဲ့ လက်ရှိချန်ပီယံ၊ လူသတ်ဖို့က​​​လေးဘဝကတည်းက ​​လေ့ကျင့်ခဲ့ရသူ၊ ရုရှားအထူးတပ်ဖွဲ့ဝင်၊အ​မေရိကန်စိတ္တဇလူသတ်သမား စသဖြင့် ဒိတ်ဒိတ်ကြဲ​ကြေးစားလူသတ်သမား​တွေပဲ ဝင်ပြိုင်မယ့်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲ၊ဘယ်​လောက်ထိကြမ်းကြုတ်ရက်စက်တဲ့ သတ်ကွက်​တွေမြင်ခွင့်ရမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။  File size…2.45GB / 944MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Tournament (2009)

Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
In Hell (2003) 6.2
In Hell (2003) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ဇာတ်လမ်းကတော့...မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ...
movie

In Hell (2003)