Channel Myanmar

Kang In-sung

Riceboy Sleeps (2022) 7.6
Riceboy Sleeps (2022) Riceboy Sleeps (2022)IMDb - 7.6/10, Rotten Tomatoes - 95% ~90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ...
movie

Riceboy Sleeps (2022)

2022
King of Prison 2: The Prison War 4.2
King of Prison 2: The Prison War King of Prison 2 (2021)ထောင်ကားတွေ ရှားပါးနေတဲ့အချိန်မှာ ထောင်ကား ကောင်းကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက King of Prison 1 ထွက်ရှိခဲ့ပြီး အတော်အတန် အောင်မြင်ခဲ့ပါတယ်။ထောင်ကား ကြိုက်နှစ်သက်သူတွေအဖို့ အတော်သဘောတွေ့ခဲ့ရတဲ့ ကားပါပဲ။ဒီကားကလည်း စိတ်မပျက်စေရဘူးဆိုတာ အာမခံပါတယ်။နာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘဲ လူမိုက်ကြီးတွေနဲ့ကို ဇာတ်လမ်းက ကောင်းနေတာပါ။အဓိကကတော့ အက်ရှင်မှ ကြမ်းမှ ကြိုက်တယ်ဆိုသူတွေ ကြည့်သင့်တဲ့ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ထောင်မင်းသားတွေ ထောင်ဘုရင် ဖြစ်ဖို့ကြိုးစားကြတာပါ။ထောင်ထဲမှာ အပြိုင်အဆိုင်လူမိုက်လုပ်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ဒီနှစ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတာပါ။ "ကိုယ်ဦးကိုယ်တွယ် သူဦး သူတွယ်" ပါပဲ။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်နှစ်ယောက်ဟာ ထောင်ဘုရင်ဖြစ်ဖို့ ပြိုင်နေကြတာကိုး။မကောင်းတဲ့အတိတ်နဲ့ ထောင်ထဲမှာဓားကိုင်နိုင်တဲ့ တစ်ဦးတည်းသော ထောင်သား ဂီချောလ် ရောက်လာတဲ့အခါမှာတော့ အဖွဲ့နှစ်ဖွဲ့ကြားရန်လိုမှုက မီးလောင်ရာ ဓာတ်ဆီနဲ့လောင်းလိုက်သလိုပါပဲ။အရှိန်အဟုန်က ပြင်းထန်လာပါတော့တယ်။လာဘ်စားတဲ့ ထောင်လုံခြုံရေးမှူး ရယ် ..... နောက်ကွယ်မှာ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူဌေးကြီးရယ် ...... ပါဝင်နေသေးတယ်ဆိုတော့…စစ်မှန်တဲ့ထောင်ဘုရင်ဘယ်သူဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းထဲမှာ ...
movie

King of Prison 2: The Prison War

2021