Channel Myanmar

Kang Peng

Fearless Hyena 2 (1983)
Fearless Hyena 2 (1983)   မင်းသားကြီး ဂျက်ကီချန်းရဲ့အစောပိုင်းဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အတွက် ထွေထွေထူးထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးတရုတ်ပြည်ရဲ့ကိုလိုနီမတိုင်ခင်ရှေ့ခေတ်ကို ဇာတ်အိမ်တည်ထားပြီး ဂျက်ကီချမ်းကတော့ ထုံးစံအတိုင်း အားလုံဆိုတဲ့ သိုင်းသမားလူငယ်လေးဖြစ်ပါတယ် ဇာတ်လမ်းအစပိုင်းမှာတော့ မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံတဲ့ သိုင်းဆရာနှစ်ယောက်ဟာ တရားမျှတတဲ့ဂိုဏ်းတွေကိုလိုက်သုတ်သင်နေတာကိုတွေ့ရမှာပါ "ချင်" မိသားစုဟာလည်းတစ်ဂိုဏ်းလုံးသုတ်သင်ခံလိုက်ရပြီး ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အားလုံနဲ့ အားတုန်တို့ပဲကျန်ခဲ့တာပါ နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ချင်မိသားစုဝင်တွေဟာမိစ္ဆာတွေလက်ထဲကလွတ်မြောက်နိုင်ပါ့မလား တရားမျှတတဲ့သူနဲ့ ယုတ်မာတဲ့သူတွေကြားကတိုက်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ် အက်ရှင်နဲ့ သိုင်းကွက်တွေအပြည့်ပြထားတဲ့အပြင် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ "old but gold" ရုပ်ရှင်တစ်ကား ဆိုရင်လည်းမမှားပါဘူး..... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn
movie

Fearless Hyena 2 (1983)

Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

Dragon Fist (1979) 6.1
Dragon Fist (1979)   Jackie Chan ရဲ့ အရင်ကား‌လေးတွေထဲကတစ်ခုကို ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ဗျာJackie Chan ဟာ မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ သူ့ကို သူ့ဆရာဖြစ်သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ သူ့ဆရာကို ပြိုင်ပွဲပြီးမှ ရောက်လာတဲ့သူတစ်ဦးက စိန်ခေါ်ခဲ့ပြီး အနိုင်ပိုင်းကာ မင်းသားတို့ သင်တန်းကျောင်း ဆိုင်းဘုတ်ကိုပါ ဖျက်စီးခဲ့ပါတယ် မင်းသားရဲ့ ဆရာဖြစ်သူဟာလည်း အရှုံးပေးခဲ့ပေမဲ့ ဆက်လက် တိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ သေဆုံးသွားပါတော့တယ်။ထိုအခါမှာတော့ မင်းသားတစ်ယောက် ကွန်ဖူးကို အပြင်းအထန်လေ့ကျင့်ပြီး သူ့ဆရာသေဆုံးခြင်းနဲ့ သင်တန်းကျောင်းရဲ့ သိက္ခာအတွက် ပြန်ပြီး လက်စားချေဖို့ လုပ်ပါတော့တယ်..... File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Dragon Fist (1979)

Snake and Crane Arts of Shaolin (1978) 6.4
Snake and Crane Arts of Shaolin (1978)    သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ...
movie

Snake and Crane Arts of Shaolin (1978)