Channel Myanmar

Kang Quintus

Nganù (2023) 6.9
Nganù (2023)   ဒီတစ်ခေါက်မှာတော့ IMDB 6.9/10 ရရှိထားတဲ့ အသစ်ထွက် Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကားနာမည်က ဂန်နူဖြစ်ပြီး ဇာတ်လမ်းကလည်း ကင်မရွန်းက ရွာလေးတစ်ရွာမှာ အချိန်ရှိတိုင်း မိန်းမကိုနှိပ်စက် လက်ပါတတ်တဲ့ ဂန်နူဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝအချိုးအဆစ် အကြောင်းလေးပါပဲ။ နောင်တဆိုတာ နှောင်းမှ 'တ'တယ်လို့ ဆိုကြသလို အမှားသိလို့ အမှန်ပြင်လိုက်ချိန်မှာ တစ်ချိန်က ဆိုးမိုက်ခဲ့သမျှက သင်ပုန်းချေ ကျေနိုင်ပါ့မလား။'လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ' ဆိုသလို ကလေးတစ်ယောက်ရဲ့ဘဝကို ထုဆစ်သူတွေက မွေးဖွားသူ မိဘနှစ်ဦးဆိုရင် နုနယ်တဲ့ကလေးအရွယ်မှာ အတုမြင် အတတ်သင်သလိုဖြစ်ပြီး ကြမ်းကြုတ်ရက်စက်ခြင်းကို မသင်ဘဲ တတ်မြောက်ခဲ့သူက ဂန်နူပါ။ ဒါကို တချို့က သွေးကစကားပြောတယ်လို့ ဆိုမလား၊ အဖေတူသားလို့ပဲ ခေါ်ကြလေမလား၊ ဂန်နူကတော့ ဘယ်သူ့ကိုမှဂရုမစိုက် ရက်စက်စွာ ဆိုးမိုက်တတ်သူပေါ့။မိန်းမကို တစ်ချိန်လုံးနှိပ်စက် အားနေ ရွာကလူတွေနဲ့ ပတ်ပြီးရန်ဖြစ်နေတာကြောင့် အစိုးရက စစ်တပ်အတွက် လူသစ်စုဆောင်းရေးလုပ်တဲ့အချိန်မှာ "မင်း ...
movie

Nganù (2023)

The Fisherman’s Diary (2020) 6.5
The Fisherman’s Diary (2020) The Fisherman's Diary (2020)======================IMDb Rating - 6.5/10"မလွယ်တာတွေ့ရင် ပိုခက်တဲ့ တစ်ခြားဘ၀တွေကို ငဲ့ကြည့်ပါဦး" " စဉ်းစားပါဦး" သီချင်းထဲက ကျွန်တော် အတော်ညိတဲ့စာသား။ စားစရိတ်နဲ့တင်ကုန်သွားလောက်တဲ့ ပိုက်ဆံ‌လေးနဲ့ လုံးလည်ချာလည်လိုက်ရင်း ကျောင်းတတ်နေတဲ့ ကျွန်တော့်လို အခြေခံထက်နည်းနည်းနိမ့်တဲ့ လူတန်းစားတွေ၊ အခြေခံလူတန်းစားတွေက ကျောင်းတက်တာနဲ့ပက်သက်ပြီး အားမရတာတွေ ရှိကြလိမ့်မယ်။ အလယ်အလတ်တန်းစားတွေ ဆိုရင်လည်း နိုင်ငံခြားသွားမသင်ရလို့ အားမရကြတာ ရှိကောင်းရှိကြလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အာဖရိကက ပညာကို အားမပေးတဲ့လူတွေနေတဲ့ တံငါရွာကလေးထဲက ကျောင်းတက်ချင်တာတောင် တက်မရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကျွန်တော်တို့ထက် ပိုခက်တဲ့ ဘ၀တစ်ခု အကြောင်းပါပဲ။အာဖရိကအလယ်က အဓိကအားဖြင့် တံငါလုပ်ငန်းလုပ်ကြတဲ့ ရွာလေးတစ်ရွာမှာ ကျောင်းတတ်တယ်ဆို ငပျင်းတွေလုပ်တဲ့ အလုပ်လို့သတ်မှတ်ထားတဲ့လူတွေနေကြတယ်။ ကျောင်းတက်တာကို လမ်းမှားရောက်တယ်လို့ ဆိုကြတဲ့လူတွေ အထူးသဖြင့် မိန်းကလေးက ပညာတတ်တာ ပိုပျက်စီးတယ်လို့ ထင်ကြတယ် သူတို့စိတ်ထဲမှာ ကျောင်းတက်ရတာထက် ငါးစိမ်းသည်မလုပ်ရတာက ပိုဂုဏ်ရှိတယ်လို့ ယူဆကြတဲ့လူတွေတောင်ရှိတယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီလို အသိုင်းအဝိုင်းက စာတတ်ချင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်တစ်ခုကို ရိုက်ပြထားတယ်။ဒီရုပ်ရှင်ကို အသက်အငယ်ဆုံး အမျိုးသမီးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ခဲ့တဲ့ မာလာလာကနေ တစ်ဆင့် Inspirationယူထားတယ်ဆိုတယ်။ ဖြစ်ရပ်မှန်လည်းဆိုတယ်။ နှစ်ခုရောထားတာလည်းဖြစ်နိုင်ပါတယ်။ မာလာလာဟာ အဓိကဇာတ်ကောင်ရဲ့ အားကျရတဲ့လူဖြစ်သလို သူ့စကားတွေ လည်း ထည့်သုံးထားတယ်။ဇာတ်အိမ်ရဲ့ Conceptကလည်း မာလာလာတိုက်ပွဲ၀င်ခဲ့တဲ့ အမျိူးသမီးတွေ ပညာသင်ယူခွင့်ရဖို့ ဆိုတာကိုပဲဦးတည်ထားတယ်။ " Desus Ex Machina" ဆိုတာကိုသာယုံရင် လက်တွေ့ဘ၀မှာ Desus Ex Machina"ရှိတယ်ဆိုတာ ကောင်းကောင်းကြီးပိုယုံသွားစေမှာ တော့ သေချာတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ...
movie

The Fisherman’s Diary (2020)

2020