Channel Myanmar

Kanika Dang

Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Gehraiyaan (2022) 6.0
Gehraiyaan (2022) Gehraiyaan (2022)ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီးရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာမကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာအဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူTia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့်သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်းစဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင်မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါအက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင်ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလိုပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီးတစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက်အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH ...
movie

Gehraiyaan (2022)

2022