Channel Myanmar

Kanji Furutachi

The World of Kanako (2014) 6.5
The World of Kanako (2014) The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie

The World of Kanako (2014)

2014
After the Storm (2016) 7.4
After the Storm (2016) After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie

After the Storm (2016)

2016
Annette (2021) 6.6
Annette (2021) Annette (2021)=============IMDb Rating - 6.6/10 Adam Driver နဲ့ Marion Cotillard တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် musical filmငတ်နေသူတွေအတွက်တော့ဘ၀င်ကျစရာပါပဲ၊ La La Land တို့ The Greatest Showman တို့လို ဇာတ်လမ်းအဖြစ်အပျက်ကို သီချင်းတွေ သီဆိုရင်း အနုပညာမြောက်မြောက် တင်ဆက်ထားတာ တွေ့ရပြီး နားကြပ်လေးသာတပ်ကြည့်ရင် ဂီတအနှစ်သာရခံစားရတာ ပိုပြီးကောင်းပါလိမ့်မယ်။Musical film ဖြစ်တဲ့အတွက် Plot ကိုပဲ အာရုံစိုက်ပြီး ကျန်တာဘေးထားကြည့်နိုင်ရင်တော့ အပန်းဖြေစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီဆိုတဲ့ လူဟာ stand-up comedian တစ်ယောက်၊ အန်ဆိုတဲ့ အမျိုးသမီးက operasinger တစ်ယောက်၊ ၂ ယောက်လုံးဟာ သူ့နယ်ပယ်မှာသူ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူတွေ ဒီလိုအချိန်မှာ ရုတ်တရက်လက်ထပ်လိုက်ကြပြီး အန်းနက်ဆိုတဲ့ သမီးလေးမွေးဖွားလာတယ်။ သို့ပေမဲ့ အန်းနက်ဆိုတဲ့ ကလေးမလေးဟာ ...
movie

Annette (2021)

2021