Channel Myanmar

Kara Wai Ying-Hung

The Invisible Guest ( 2024 ) 6.1
The Invisible Guest ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Invisible Guest ( 2024 )

Who’s The Suspect ( 2023 ) 6.2
Who’s The Suspect ( 2023 ) ဘယ်တော့မှမရူံးနိမ့်ဖူးတဲ့ နာမည်ကြီးရှေ့နေ ချန်ကျစ်ချီဆိုတဲ့ အမျိုးသမီးမှာ (၈) နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် တစ်နေ့ကျတော့ တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ စွဲချက်တင်ထားရတဲ့ ဒန်နီရယ်ဆိုသူ သံသယရှိသူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း အမည်မသိလူတယောက်က ချန်ကျစ်ချီရဲ့ သမီးကို ပြန်ပေးဆွဲပြီး ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးဖို့ဖိအားပေးခဲ့တယ်။ဒီလိုနဲ့နာမည်ကြီး ရှေ့နေသမားချန်ကျစ်ချီတစ်ယောက် ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား။ အဲ့အမှုရဲ့ လူသတ်သမားကကောဘယ်သူလဲ။ ဘာကြောင့်သတ်ရတာလဲ..... မှုခင်းစုံထောက်လေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူအားပေးလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Crime Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Who’s The Suspect ( 2023 )

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)