Channel Myanmar

Karan Ashar

99 Songs (2021) 7.9
99 Songs (2021) 99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie

99 Songs (2021)

2021
Judgementall Hai Kya (2019) 6.2
Judgementall Hai Kya (2019) (Unicode) Google Users - 76%IMDb - 6.2/10Genere - Thriller /DramaKanganaကို ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းလို့ အံ့မခန်းဖြစ်မိပါတယ်။ဒီဇာတ်ကားထဲမှာတော့ ပုံရိပ်စစ်နဲ့ ပုံရိပ်ယောင် ကြား အမှန်အမှားခွဲခြားခက်နေတဲ့ မိန်းမတစ်ယောက် အနေနဲ့ မြင်ရမှာပါ။မင်းသားကတော့ အားလုံးသိတဲ့ Rajkummar Raoပါ။--------------------------- ----------------------ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းစစချင်းမှာ မိဘနှစ်ပါးရန်ဖြစ်နေတာကို ကွယ်ရာက ကြည့်နေတဲ့ ဘော်ဘီကို မြင်ရမှာပါ။ဘော်ဘီဟာ အသက် ၈နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက်။မိဘနှစ်ပါး ရန်ဖြစ်နေတာကို မနေနိုင်လို့ ကြားက ဝင်ဆွဲရင်း မတော်တဆမှု တစ်ခု ဖြစ်ခဲ့ရတယ်။ဒါဟာ သူ့ဇာတ်ရုပ်အတွက် မြစ်ဖျားခံရာ တစ်ခုဖြစ်သလို လာမယ့်ဇာတ်လမ်းအတွက် နိမိတ်ပြခန်း တစ်ခုလည်း ဖြစ်နေပါတယ်။အရွယ်ရောက်လာတော့ သူဟာ အချစ်အကြောင်းမသိ၊ အလုပ်ထဲ စိတ်နှစ်နေတတ်သူ တစ်ယောက်၊ တခါတလေ စိတ်ဟာ ဖြစ်သင့်တာထက် ပိုလွန်ကဲသွားတတ်တယ်။သူ့အလုပ်က အိန္ဒိယ တောင်ပိုင်းဇာတ်ကားတွေကို ဟင်ဒီအသံသွင်းရာမှာ အသံနဲ့ သရုပ်ဆောင်သူပေါ့။အဲ့ဒီမှာ ...
movie

Judgementall Hai Kya (2019)

2019