Channel Myanmar

Karen Chilton

Half Nelson (2006) 7.1
Half Nelson (2006)  ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ ...
movie

Half Nelson (2006)

It’s Kind of a Funny Story (2010) 7.1
It’s Kind of a Funny Story (2010)  2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie

It’s Kind of a Funny Story (2010)