Channel Myanmar

Karen Kruper

The Wedding Veil Expectations (2023) 6.7
The Wedding Veil Expectations (2023)  The Wedding Veil: Expectation ဆိုတဲ့ ဇာတ်ကားလေးကတော့ The Wedding Veil trilogy ရဲ့နောက်ဆုံးကားလေးပါဒီဇာတ်ကားလေးထဲမှာတော့ အေဗရီနဲ့ပီတာတို့နှစ်ယောက်ဟာ ရဲတိုက်လိုမျိုးခမ်းနားတဲ့ အိမ်အိုကြီးကိုဝယ်လိုက်ပါတယ် ဒါပေမဲ့ အိမ်ကိုပြန်လည်ပြုပြင်ဖို့ ဆမ်ဆိုတဲ့ကန်ထရိုက်တာကို ငှားပြီး ပြန်ပြင်ဖို့လိုတဲ့နေရာတွေကို စစ်ဆေးခိုင်းတဲ့အခါမှာ ဒီအိမ်ကြီးဟာ ကောင်းတာထက် ပြန်ပြုပြင်ရမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါတယ်အေဗရီရဲ့အလုပ်ဖြစ်တဲ့ ပြတိုက်မှာလည်း ဇီဇာကြောင်ပြီး အတ္တကြီးတဲ့ မေဆင်ဆိုတဲ့ ဒါရိုက်တာချုပ်ပြောင်းလာပြီး အေဗရီတို့ သူငယ်ချင်းသုံယောက်ရဲ့ မင်္ဂလာခေါင်းပုံပါတဲ့ အာမီချီပန်းချီကားကို တခြားပန်းချီတွေနဲ့လဲပစ်ဖို့လုပ်ပါတော့တယ် ပီတာရဲ့အလုပ်မှာလည်း သူနှစ်သက်တဲ့ အနုပညာပရိုဂရမ်အတည်ပြုပေးဖို့အတွက် ကျောင်းကဘုတ်အဖွဲ့နဲ့ ရင်ဆိုင်နေရပါတယ် တစ်ချိန်တည်းမှာပဲအေဗရီမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပြီး ပီတာကို ရိုမန်းတစ်အဆန်ဆုံးနည်းလမ်းနဲ့ဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အေဗရီကိုယ်တိုင်ကလည်း အလုပ်မှာ ကိစ္စတွေရှုပ်နေ ပီတာကလည်း အလုပ်ကိစ္စနဲ့ခေါင်းရှုပ်နေပြီး အိမ်​ပြင်ဖို့ကိစ္စကလည်းရှိနေပြန်ဆိုတော့ အေဗရီက သူ့ကိုယ်ဝန်အကြောင်းကို ပီတာကိုဘယ်လိုမျိုးဖွင့်ပြောမလဲ သူနှစ်သက်ရတဲ့ အာမီချီပန်းချီကားကြီးကို ပြတိုက်မှာပဲဆက်ရှိနေဖို့ သူဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.5 GB)/(780 Mb) Quality….Webrip ...
movie

The Wedding Veil Expectations (2023)

The Wedding Veil (2022) 7.3
The Wedding Veil (2022)   1. The Wedding Veil (2022) 2. The Wedding Veil Unveiled (2022) 3. The Wedding Veil Legacy (2022) 4. The Wedding Veil Expectations (2023) 5. The Wedding Veil Inspiration (2023) 6. The Wedding Veil Journy (2023) စတဲ့ဇာတ်ကား The Wedding Veil (Sequel) ခြောက်ကားရဲ့ ပထမဆုံးဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Lacey Chabert၊ Autumn Reeser နဲ့ Alison Sweeney တို့၃ယောက် ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်လာမိတဲ့ ၁၉ရာစုက သတို့သမီးမျက်နှာအုပ်ဇာပုဝါလေးတစ်ထည်ရဲ့ ဒဏ္ဍာရီနဲ့ပတ်သက်နေတဲ့အကြောင်းလေးပါ......ဒဏ္ဍာရီလေးကတော့ "ဒီပုဝါကိုပိုင်ဆိုင်ထားသူဟာ အချစ်စစ်နဲ့တွေ့လိမ့်မယ်" တဲ့......ဘယ်လိုဆန်းကြယ်မှုတွေနဲ့ဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်---အများကြီးမညွှန်းတော့ပါဘူးနော်--- Drama/Romance ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ Rating လည်းကောင်းသလို Sequel တွေထပ်ရိုက်ရလောက်အောင် အားပေးမှုရထားတဲ့ ဇာတ်ကားလေးဆိုတော့ ...
movie

The Wedding Veil (2022)

Aurora Teagarden Mysteries: Something New (2023) 6.3
Aurora Teagarden Mysteries: Something New (2023) ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora teagarden ဆိုတဲ့ မိန်းကလေးဟာ ဖြစ်ရပ်မှန်မှုခင်းစာပေကို ရူးသွပ်သူတစ်ဦးဖြစ်ပါတယ်၊ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်ပိုင်းလေးမှာ သတို့သားက ပျောက်ဆုံးသွားခဲ့တယ်၊ ပျောက်သွားတဲ့ သတို့သားကိုရှာဖွေပေးဖို့ သူငယ်ချင်းက အကူအညီတောင်းလာတဲ့အခါ Aurora လည်း ရဲတပ်ဖွဲ့ကသူငယ်ချင်းဖြစ်သူနဲ့အတူ ကူရှာပေးဖို့ဖြစ်လာခဲ့တယ်၊ စုံစမ်းရှာဖွေကြရာကနေ သတို့သားရဲ့ အိမ်ခန်းလသာဆောင်အောက်မှာ လူသေအလောင်းတစ်လောင်းကို တွေ့ခဲ့ကြတဲ့အခါ... လူသေမှုလား..လူသတ်မှုလား.. Aurora ကရော ဖြစ်ရပ်မှန်မှုခင်းစာပေကရတဲ့ဗဟုသုတတွေနဲ့ ဒီအမှုမှာ ဘယ်လိုတွေကူညီပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်၊ genre က crime, drama, mystery ဖြစ်ပြီး IMDb rating 6.3/10 ရရှိထားပါတယ် 2015 က စတင်ထွက်ရှိခဲ့တဲ့ Aurora teagarden mysteries series ကို movie အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် မှုခင်းဖြေရှင်းတာမျိုးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်.  File size…(1.3 ...
movie

Aurora Teagarden Mysteries: Something New (2023)

Far from Home: The Adventures of Yellow Dog(1995) 6.3
Far from Home: The Adventures of Yellow Dog(1995)   ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကို​ခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ ...
movie

Far from Home: The Adventures of Yellow Dog(1995)