Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karin Tammaru
Last Sentinel (2023)
Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, ...
movie
Last Sentinel (2023)