Channel Myanmar

Karina Marimon

Coco Before Chanel (2009) 6.7
Coco Before Chanel (2009)  Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။ File size…(1.9 GB)/(1 ...
movie

Coco Before Chanel (2009)

Rumba Therapy (2023) 6.2
Rumba Therapy (2023) Rumba Therapy (2023)တိုနီ... တိုနီဟာ အသက်ခပ်ကြီးကြီး ကျောင်းကားဒရိုင်ဘာ၊ မိသားစုမရှိ သားသမီးမရှိ လုပ်ဖောက်ကိုင်ဖက်ကိုလည်း လုပ်ဖော်ကိုင်ဖက်လောက်ပဲ ဘဘောထားတဲ့သူ။ တစ်နေ့တော့ တိုနီတစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပြီး ပြန်သတိရတဲ့နောက် ဆရာဝန်ဟာ ဆွေးမျိုးသားချင်းကို အသိပေးဖို့ တိုနီ့ကို မေးတဲ့အခါ တိုနီဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းဖြေခဲ့ပါတယ်။ ဆရာဝန်ဟာလည်း လူနာတွေကို ဘဝနေဝင်ချိန်မှာ ချစ်ရသူတွေနဲ့ နွေးနွေးထွေးထွေးနေဖို့ တိုက်တွန်းခဲ့ပါတယ်။နောင်တဆိုတာ နောင်မှ ရဆိုသလိုပဲ တိုနီဟာလည်း တစ်ချိန်က သူ့လုပ်ရပ်တွေအတွက် နောင်တစိတ်ဝင်လာပါတော့တယ်။ တိုနီဟာ မိန်းမနဲ့ သမီးကို စွန့်ပစ်ခဲ့တဲ့ ဖခင်မပီသတဲ့ လူတစ်ယောက်၊ ဒီအမှားတွေကို သူပြုပြင်ချင်လာပါတော့တယ်။ မသေခင်မှာ မိန်းမနဲ့ သမီးကို တွေ့ချင်လာပါတော့တယ်။အရင်မိန်းမကို ပြန်တွေ့ရတာဟာ လွယ်ကူပါတယ်... ကလေးဘဝကတည်းက သူထားရစ်ခဲ့တဲ့ မာရီယာလေးကို ဖအေအဖြစ်နဲ့ မျက်နှချင်းဆိုင်ရဖို့ကသာ ခက်ခဲတာပါ။ ဒီတော့ သမီးရှိရာ အကသင်တန်းကျောင်းကြီးကို လိုက်လာရင်း... တိုနီဟာ သူ့သမီးကို သူဟာ မာရီယာ့ဖအေပါလို့ ဘယ်လို အသိပေးမလဲ အသိပေးနိုင်ခဲ့တဲ့နောက်ရော ဘယ်လိုတွေ ဆက်ဖြစ်မလဲ ...
movie

Rumba Therapy (2023)

2023