Channel Myanmar
Kartik Aaryan
Akaash Vani (2013) 6.3
Akaash Vani (2013) Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ်အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.9GB / 811MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie
Akaash Vani (2013)
2013
Satyaprem Ki Katha (2023) 7.0
Satyaprem Ki Katha (2023) Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie
Satyaprem Ki Katha (2023)
2023
4K HEVC
Tu Jhoothi Main Makkaar (2023) 6.7
Tu Jhoothi Main Makkaar (2023) Tu Jhoothi Main Makkar (2023) IMDb - 6.7 / 10ဒီတစ်​ခေါက်မှာက​တော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်း​လေးကို သ​ဘောကျကြသူ​တွေအတွက် နာမည်ကြီးမင်းသား​ချော Ranbi Kapoor နဲ့ မင်းသမီး​ချော​လေး Shraddha Kapoor တို့ ပါဝင်သရုပ်​ဆောင်ထားပြီး Box Office ၂၁၉.၇၂ကု​ဋေအထိရရှိထားတဲ့ Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ ဟာသအချစ်ဇာတ်ကား​ကောင်း​လေးနဲ့ တင်ဆက်​ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူ​ဌေးသား​လေးဟာ ချစ်သူ​တွေကိုလမ်းခွဲရာမှာ ကူညီ​ပေးတဲ့ လမ်းခွဲ​​ရေးသမား​လေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကား​ပြောဖို့ အခက်​တွေ့​နေသူတိုင်းက မစ်ကီကိုအကူညီ​တောင်း​​လေ့ရှိပါတယ် ဒီလိုသူများအကျိုး​ဆောင်ရာမှာ ​အောင်မြင်ခဲ့တဲ့မစ်ကီတစ်​ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့​ကောင်မ​လေးနဲ့ လမ်းခွဲ​ပေးဖို့ကူညီရာမှာ​တော့ ဒုက္ခလှလှ​တွေ့ပါ​တော့တယ်အ​ကြောင်းက​တော့ မန်နူရဲ့သတို့သမီး​လောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ ​မိန်းမလှ​လေးကိုမြင်မြင်ချင်း​ချစ်မိသွားတဲ့အတွက်​ကြောင့်ပါပဲ မစ်ကီတစ်​ယောက်သူ့သူငယ်ချင်းကို လမ်းခွဲ​ပေးဖို့အတွက် ဆက်ကူညီ​ပေး​လေမလား ဘယ်လိုအလွဲလွဲ​အ​ချော်​ချော်​တွေကြုံပြီး ​ ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှ​လေးတင်နီနဲ့လမ်းခွဲ​ရေးသမား​လေးမစ်ကီကြားက ကွာခြားချက်​တွေ​ကြောင့်ဘယ်လိုကိစ္စ​တွေကြုံရမလဲဆိုတာ ဟာသ​နှောပြီးရိုဆန်ဆန်​​လေးဖြစ်တဲ့အချစ်ဇာတ်လမ်း​လေးကို ရင်ခုန်စွာကြည့်ရှူ့ရ​အောင် File size…10GB /2.71GB / 1.4GB Quality…4k NF WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (HardSub) Encoder….YK Translated by KhinKhin~Yunni~BpL~Sai~ThaikSan
movie
Tu Jhoothi Main Makkaar (2023)
2023
4K HEVC
Shehzada (2023) 5.1
Shehzada (2023) Shehzada 2023 IMDb 5.1/10 Action/Comedy/Dramaအခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ဆေးရုံတစ်ခုမှာ သားယောက်ျား‌လေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။ တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့ ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိ‌တွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.24GB / 1.06 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h ...
movie
Shehzada (2023)
2023
Freddy (2022) 8.7
Freddy (2022) ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူးသူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ်အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ်အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ်တကယ်တော့ အဲဒီမိန်းကလေးဟာ သူ့ယောက်ျားရဲ့ အထက်စီးဆန်မှု မောင်ပိုင်စီးမှုနဲ့ နှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ရတဲ့သူဖြစ်ပါတယ်ဒီလိုနဲ့ ဖရက်ဒီနဲ့ သူနဲ့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ သူတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရဲ့ စေလိုရာလား လူတစ်ယောက်ရဲ့ဖန်တီးမှုလား...ဒီဇာတ်ကားဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ လှည့်ကွက်များစွာနဲ့ မရိုးရှင်းလှပါဘူး ဒရမ်မာကိုမှ Mystery ဆန်ဆန် Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် တကယ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်File size…1.34GB / 574MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~ ...
movie
Freddy (2022)
2022
Bhool Bhulaiyaa 2(2022) 7.0
Bhool Bhulaiyaa 2(2022) Bhool Bhulaiyaa 2(2022)အညွှန်း***************************** နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်....နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်....အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကိုအမှီလိုက်ဖို့  ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်....မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ...ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်...သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်...အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲကချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်..ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်....၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီးလွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ....။ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာအချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Taylor ပဲဖြစ်ပါတယ်..File Size ...
movie
Bhool Bhulaiyaa 2(2022)
Dhamaka (2021) 9
Dhamaka (2021) Dhamaka (2021)Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော ..အစိုးရအပေါ် ...
movie
Dhamaka (2021)
2021
1080p HEVC
Love Aaj Kal (2020) 5.4
Love Aaj Kal (2020) ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲမိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါအချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားကဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw ...
movie
Love Aaj Kal (2020)
2020
Pati Patni Aur Woh (2019) 6.0
movie
Pati Patni Aur Woh (2019)
2019
Luka Chuppi(2019) 6.4
Luka Chuppi(2019) Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖာ္ရိုက္ကူးထားၿပီးKartik ...
movie
Luka Chuppi(2019)
2019
Sonu Ke Titu Ki Sweety (2018) 7.7
Sonu Ke Titu Ki Sweety (2018) ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။Rating အနေနဲ့ 7. 6 ထိရှိပြီး ဝင်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (999 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 18min Format ...
movie
Sonu Ke Titu Ki Sweety (2018)
2018
Pyaar Ka Punchnama 2 (2015) 7.2
movie
2015