Channel Myanmar

Kassie DePaiva

We Are What We Are (2013) 5.9
We Are What We Are (2013)  ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thrillerဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့်အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကိုလက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလိုဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှလူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ အင်မ‌တန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခုသူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့ကသမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီးတစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်း‌တာကြောင့် အိမ်ကနေရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင်သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ်ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်ညွှန်းပေးလိုက်ရပါတယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့  Jaka ပဲ ဖြစ်ပါတယ် ) File size…1.54GB / 504MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Horror  , Drama , Thriller Subtitle….Myanmar Subtitle ...
movie

We Are What We Are (2013)