Channel Myanmar

Kasturi Jagnam

Sherdil: The Pilibhit Saga (2022) 7.5
Sherdil: The Pilibhit Saga (2022) Sherdil: The Pilibhit Saga (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Mirzapur ထဲက သဘာဝမင်းသားကြီး ပန်ကခ်ျထရီပတီဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...ဟိုးဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ ဂျန်ဒိုဆိုတဲ့ရွာလေးတစ်ရွာရှိတယ် မီးမရှိ ဆေးရုံမရှိ စာသင်ကျောင်းမရှိတဲ့ရွာလေးပေါ့ တောနီးချုပ်စပ်ရွာဖြစ်လို့ တောရိုင်းကောင်ကြီးတွေရောက်ရောက်လာတတ်ပြီး ရွာသူရွာသားတွေရဲ့စိုက်ခင်းတွေကို ဖျက်ဆီးသွားတတ်တယ်အဲ့ဒီရွာရဲ့သူကြီးကိုတော့ ဂန်ဂါရာမ်(ပန်ကခ်ျထရီပတီ)လို့ခေါ်တယ် သူဟာ ရိုးသားတဲ့တောသားဖြစ်ပေမယ့် ရပ်ရွာအကျိုးအတွက်ဆို ရှေ့တန်းက ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့...ရွာမှာတောကောင်တွေ သောင်းကျန်းလို့ အစိုးရရုံးတွေဆီတက်တိုင်တော့လည်း အစိုးရရုံးတွေရဲ့ထုံးစံအတိုင်း ဟိုဌာနကဟိုစာတောင်းလာခဲ့ ဒီဌာနကဒီစာတောင်းလာခဲ့နဲ့ ဟိုလွှတ်ဒီလွှတ်ပေါ့..ဒီလိုနဲ့ သူဟာ အစိုးရရုံးတစ်ရုံးမှာ ကပ်ထားတဲ့ကြေညာစာမှာ တောကောင်အကိုက်ခံရတဲ့သူကို အစိုးရက ရူပီ၁၀သိန်းနစ်နာကြေးပေးမယ်ဆိုတာကို မြင်သွားတယ်...ဒီနစ်နာကြေးကို အရယူပြီး ရွာသားတွေရဲ့ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးဖို့ သူကိုယ်တိုင်တောကောင်အစားခံဖို့ တောထဲထွက်လာတဲ့အခါမှာတော့ ဆက်လက်ပြီး ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါ...ဒီဇာတ်ကားလေးမှာတော့ နုံချာဆင်းရဲပြီး ရိုးသားတဲ့တောသားပင်ဖြစ်လင့်ကစား ခေါင်းဆောင်ကောင်းတစ်ယောက်တို့မည်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံအပ်သလဲဆိုတာကို ဖော်ကျူးရိုက်ကူးပေးထားလို့ ကျေနပ်အားရစေမှာအမှန်ပါပဲ File size…1.67GB / 782MB Quality…1080p HQ HD AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Honeyey
movie

Sherdil: The Pilibhit Saga (2022)

2022
Shabaash Mithu (2022) 6.2
Shabaash Mithu (2022) Shabaash MithuIMDb-7/10ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni
movie

Shabaash Mithu (2022)

2022