Channel Myanmar

Kat Foster

Susie Searches (2022) 6.1
Susie Searches (2022) Susie Searches (2022)~ IMDb - 6.1/10, Rotten Tomatoes - 51% ~ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှို့ဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့... ဆူဇီကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ "Susie Searches" ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတို့ကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ...
movie

Susie Searches (2022)

2022
Desperation Road (2023) 5.6
Desperation Road (2023)  MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံးအချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျောပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲသူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Desperation Road (2023)

Fear the Night (2023)
Fear the Night (2023) ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်း‌ပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller Subtitle….Myanmar Subtitle ...
movie

Fear the Night (2023)

Spoonful of Sugar (2022) 5.3
Spoonful of Sugar (2022) Spoonful of Sugar (2022)~ Rotten Tomatoes - 56% ~မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ဟုတ်ပါတယ်... ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား... ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 810MB Quality - 1080p, 720p IMDb Rating - 5.3/10 Format ...
movie

Spoonful of Sugar (2022)

2022
Gasoline Alley (2022)
Gasoline Alley (2022) Gasoline Alley (2022)ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ လေး‌လောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်ကအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာ‌တူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညကJimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP  AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey
movie

Gasoline Alley (2022)