Channel Myanmar

Kate Dailey

Danger on Party Island (2024)
Danger on Party Island (2024)  ဒီနှစ်မှာမှ ထွက်ရှိထားပြီး IMDB 5.1/10 ရရှိထားတဲ့ Thriller ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ဒေးက ရှေ့နေတစ်ယောက်ဖြစ်ပြီး စိတ်ခံစားချက်ကို တော်ရုံဖွင့်မထုတ်ပြတတ်သူပါ။ သူနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်စွာနဲ့ ညီမဖြစ်သူ ဂျော်ဂျီယာကတော့ ပွင့်လင်း ဖော်ရွေသူတစ်ဦးဖြစ်ပြီး ငယ်ငယ်ကတည်းက သူတို့ညီအစ်မနှစ်ယောက်က မတူကွဲပြားတဲ့ပုံစံနဲ့ပဲ ဘဝကို ရပ်တည်ခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ မယ်ဒေးတစ်ယောက် ညီမဖြစ်သူ ဂျော်ဂျီယာက ကျွန်းတစ်ကျွန်းပေါ် ခရီးထွက်ရင်းနဲ့ သေဆုံးသွားပြီဆိုတဲ့ သတင်းဆိုးကြီးကို ရင်ဆိုင်လိုက်ရပါတော့တယ်။ ရုတ်တရက် ကြားသိလိုက်ရတဲ့သတင်းဆိုးကို ရင်ဝယ်ပိုက်ပြီး ညီမဖြစ်သူအလောင်ကို သယ်ဖို့ ကျွန်းပေါ်ကို ရောက်လာချိန်မှစလို့ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့ပြီး သူ့ရဲ့အသက်အန္တရာယ်ကိုပါ စိုးရိမ်လာခဲ့ရချိန်မှာတော့..ဂျော်ဂျီယာက ဘာလို့ သေဆုံးသွားခဲ့တာလဲ.. မယ့်နောက်ကိုရော ဘယ်သူတွေက လိုက်နေခဲ့တာလဲ.. မယ်တစ်ယောက် ညီမဖြစ်သူရဲ့အမှုမှန်ကို ဖော်ထုတ်ပြီး အသက်အန္တရာယ်ကနေ လွတ်အောင် ပြေးနိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ...
movie

Danger on Party Island (2024)

The Royal (2022) 6.8
The Royal (2022) The Royal (2022)~ IMDb rating - 6.8/10 ~ဒါကတော့ မိဘမေတ္တာဖွဲ့ မိသားစု ဒရာမာကားကောင်းလေးပါ။ ဝီလီဟာ ကမ္ဘာကျော် ဘေ့စ်ဘောသမားတစ်ယောက်ဖြစ်ခဲ့ပြီး... လောကဓံတရားကို မတွန်းမလှန်နိုင်တဲ့အခါ မူးယစ်ဆေးနွံနစ်ပြီး ထောင်နန်းစံခဲ့ရပါတော့တယ်။ထောင်ဒဏ်ဟာလည်း မသေးလှ၊ ၂၁နှစ်ဆိုပေမယ့် သူ့ရဲ့ကောင်းကောင်းမွန်မွန် နေထိုင်မှုကြောင့် ခံဝန်နဲ့ ၁၄နှစ်သာနေခဲ့ရပြီး လွတ်မြောက်လာခဲ့တယ်။ ဒီအပြစ်တွေကြောင့် သူလက်လွှတ်လိုက်ရတဲ့ မိသားစုတွေနဲ့ သူသိပ်မြတ်နိုးရတဲ့ ဘေ့စ်ဘောနောက်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ မိန်းမဖြစ်သူက နားလည်ခွင့်လွှတ်ပေးလိုက်ပေမယ့် သမီးလေး ကာမီလာကတော့ တစ်ဘဝလုံးပျောက်နေတဲ့အဖေကို တော်ရုံ ခွင့်မလွှတ်သလို လက်လည်းမခံပါဘူး။နောက်ပြီး ဘေ့စ်ဘောလောကကို ပြန်ဝင်ရောက်ချင်ပေမယ့် ငယ်ရွယ်နုပျိုမှုတွေ မရှိတော့တဲ့ ဝီလီတစ်ယောက် ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်ရောက်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။Kansas City Royal အသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်း အ​​မေရိကန် ဘေ့စ်ဘောသမား Willie Mays Aikens ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ...
movie

The Royal (2022)

2022