Channel Myanmar

Kate Lister

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

The Reef: Stalked(2022)
The Reef: Stalked(2022)  The Reef: Stalked The Reef(2010) ရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းအချိတ်အဆက်တော့မရှိပါဘူး။ နစ်ခ် တို့ညီအစ်မသုံးယောက်မှာ နစ်ခ်နဲ့ကတ်ဟာ ရေငုပ်ရတာကို ဝါသနာပါသူတွေဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာ ကတ်ကို နှိပ်စက်တတ်တဲ့သူ့ယောက်ျားက လက်လွတ်ပြီးသတ်မိသွားတဲ့အခါ နစ်ခ်ဟာ စိတ်ဒဏ်ရာကြောင့် ပြည်ပကိုထွက်သွားပါတော့တယ်။ ၉လကြာပြီးနောက်မှာတော့ နစ်ခ်တို့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းတွေနဲ့ပြန်ဆုံပြီး အရင်လိုစိတ်ပြေလက်​ပျောက် လှေလှော်ရေငုပ်ကြဖို့ ခရီးထွက်ကြပါတယ်။ပင်လယ်ထဲမှာ လှေငယ်ကိုယ်စီနဲ့ ရေငုပ်ကြ ငါးဖမ်းကြနဲ့ ပျော်ရွှင်နေကြချိန်မှာ ရေပြင်ပေါ်မှာ အနက်ရောင်ဆူးတောင်တစ်ခုထွက်လာတာကို တွေ့လိုက်ရတဲ့အခါ.... File size…(1.68GB)/(MB)/(916MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein
movie

The Reef: Stalked(2022)

Suicide Club(2018) 3.3
Suicide Club(2018) Suicide Club(2018)ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ကမှ Mo Mo Challenge ဆိုတာကြီးကို သတိပြုမိကြမယ် ထင်ပါတယ်။ Youtube ကနေ redirect လုပ်ထားတဲ့ website တစ်ခုမှာ ကလေးငယ်တွေကို ထူးဆန်းတဲ့ activity တွေ challenge တွေကို လုပ်ဖို့ လှုံ့ဆော်ရာကနေ တစ်ဆင့်တက်ပြီး အသားနာအောင်စေခိုင်းတာ အဲဒီနောက် ကိုယ့်ကိုယ်ကို သတ်သေအောင်စေခိုင်းတဲ့အထိ လုပ်ခိုင်းကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ခိုင်းတာကို Internet addiction ရနေတဲ့ လူငယ်တွေ အခန်းအောင်းပြီး social media တွေပေါ်မှာ ပျော်မွေ့နေကြတဲ့၊ အထီးကျန်နေကြတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်နေကြတဲ့ လူငယ်တွေ အများဆုံးခံရလေ့ရှိပါတယ်။ ဒီဇာတ်လမ်းမှာလည်း Website ကတစ်ဆင့် သင့်ရဲ့လက်တွေ့ဘဝကို အမှောင်နေ့တွေပေးမယ့် Suicide Club ဆိုတာကို တွေ့ရမှာပါ။ ပြင်ပလောကကို နှစ်အတော်ကြာ အဆက်အသွယ်ဖြတ်ပြီး အခန်းလေးထဲမှာ တံခါးပိတ်တစ်ကိုယ်တည်းနေတဲ့ လစ်ဇ် လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ အွန်လိုင်းပေါ်မှာပဲ ...
movie

Suicide Club(2018)