Channel Myanmar

Kate Neilson

Killer Elite(2011) 6.4
Killer Elite(2011) Killer Elite (2011) ==============ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောကကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကိုဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာသိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကိုအင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စားချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီးဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့်ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကိုသတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့်ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Fast and Furious ...
movie

Killer Elite(2011)

The Dunes (2021)
The Dunes (2021) အမှန်တရားဆိုတာ ပြောတိုင်းလည်းမကောင်းဘူးလို့ လူတွေကပြောကြတာပါပဲ ဟုတ်တော့လည်း ဟုတ်ပါတယ် အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့အကြောင်းတွေကိုလည်း ခရေစေ့တွင်းကျ သူများကို မပြောတာ အကောင်းဆုံးပါပဲ အခုတစ်ခါတင်ဆက်ပေးမှာကတော့ အသက်၁၃နှစ်လောက်က အထက်တန်းကျောင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေကို ဘုမသိ ဘမသိ ခံလိုက်ရတဲ့အကြောင်းလေးပါပဲ နစ်ခ် က ဩစတျေးရီးယား ကနေ အမေရိကန် က အယ်လေ တိုင်းမ်မှာအလုပ်ရလို့ သွားလုပ်နေရာက ဩစီ က သူ့ရဲ့အိမ်ငှားက အိမ်လခ ၂လခမပေးဘဲ ပျောက်သွားလို့ အိမ်ရောင်းဖို့ပြန်သွားတဲ့အချိန်မှာပဲ သူ့ရဲ့အိမ်ရှေ့မှာ ဘတ္တရီဒေါင်းသွားလို့ လာအကူအညီတောင်းတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ရတာပါ အဲဒီမှာပဲ သူတို့အကြောင်းတွေပြောကြရင်းနဲ့ သူရေးခဲ့တဲ့ ဆောင်းပါးကြောင့် လာအကူအညီတောင်းတဲ့သူရဲ့ ဘဝထိခိုက်ခဲ့ရတာကို သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်လိုများ ကလဲ့စားချေခံရမလဲဆိုတာ စောင့်ကြည့်ရင်းကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါပဲFile size…(2.25GB)/(1.15GB)/(667MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

The Dunes (2021)