Channel Myanmar

Katharina Thalbach

Sophie’s Choice (1982) 7.5
Sophie’s Choice (1982)   လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie's Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို ...
movie

Sophie’s Choice (1982)

Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013