Channel Myanmar

Kathleen Kinmont

The Black Mass (2023)
The Black Mass (2023) သီအိုဒေါရောဘတ်ဘန်ဒီ(ခေါ်)တဒ်ဘန်ဒီရဲ့ ​ဗားရှင်းအမျိုးမျိုးနဲ့ဇာတ်လမ်းတွေထဲက တစ်ခုပေါ့။တဒ်ဘန်ဒီနေရာကနေ အမေရိကန်သရုပ်ဆောင် မင်းသားချော ဇက်အက်ဖရွန် သရုပ်ဆောင်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile (2019)လည်း နာမည်ကြီးခဲ့ဖူးတယ်။တဒ်ဘန်ဒီဆိုတာ ၁၉၇၀ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲ၊မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်ကောင်တွေထဲက တစ်ယောက်ပေါ့။ သူ သတ်ပြီးသား သားကောင်တွေကို ပုတ်သိုးစပြုနေတာတောင် အလှတွေပြင်ပေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုကြတယ်။သူလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ကြာငြင်းဆိုခဲ့ပြီးနောက်မှာ ၁၉၇၄နဲ့ ၁၉၇၈အကြား ပြည်နယ် ၇ခုမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ၃၀ကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပြစ်မှုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်အကျဉ်းထောင်မှာ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ပေးခဲ့ပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒီရုပ်ရှင်မှာတော့ တဒ်ဘန်ဒီရဲ့ မိန်းကလေးဆောင်တစ်ခုထဲမှာ ထင်တိုင်းကြဲခဲတဲ့အမှုတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1GB)/(565 Mb) Quality….Blu-Ray 1080p / ...
movie

The Black Mass (2023)

Bride of Re-Animator (1990) 6.2
Bride of Re-Animator (1990) Bride of Re-Animator (1990)~ IMDb - 6.2/10, Metacritic - 54% ~ပထမ Re-Animator ကားမှာ ဒေါက်တာ ဒန်တစ်ယောက် သူအချစ်ရဆုံးသူကို ပြန်အသက်သွင်းတဲ့နေရာမှာ အဆုံးသတ်ထားပါတယ်။ပေါက်ကရတွေ အသက်သွင်းခဲ့ပေမဲ့ ဒေါက်တာဝက်စ်ရော ဒေါက်တာဒန်ရော ယခုထိ အပြစ်လွတ်ပြီး ဆေးရုံမှာ ဟန်မပျက် ဆေးဆက်ကုနေကြတုန်းပါ။ ဒါပေမဲ့ ဒေါက်တာ ဝက်စ်ရဲ့သုတေသန ရောဂါကတော့ အဆုံးမသတ်သွားပါဘူး။ ဒီတစ်ကြိမ်တော့ သူဟာ အစိတ်အပိုင်းတွေ အားလုံးကို တစ်ပြိုင်တည်း အသက်သွင်းမယ့် နည်းလမ်းကို စတင်စမ်းသပ်ဖို့ ကြံရွယ်ပါတော့တယ်။ဒေါက်တာ ဒန်ကလည်း မကူညီချင်ပေမဲ့ သူ့ချစ်သူ မက်ခ်ရဲ့ နှလုံးကို ပြန်လည်နိုးထစေမယ်ဆိုပြီး ဖြားယောင်းထားတော့ တက်ကြွစွာ ပါဝင် အားဖြည့်ပြန်ပါတယ်။ ပထမကားမှာ အသက်ပြန်သွင်းတဲ့ ဖန်တီးမှုကို ခိုးချဖို့ ကြိုးစားခဲ့တဲ့ ဒေါက်တာကားလ်ကတော့ ခေါင်းပြတ်ဖြစ်နေပေမယ့် ဆေးအရှိန်ကြောင့် မပုပ်မသိုးဘဲ ဆက်လက်ရှိနေဆဲပါ။ဒါကို ...
movie

Bride of Re-Animator (1990)

1990
Aloha with Love (2022) 5.9
Aloha with Love (2022) Aloha with love (2022) ================= IMDb rating 5.9/10ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ဟာဝိုင်ရီကျွန်းရဲ့ အငွေ့အသက်တွေပြည့်နေတဲ့ “Aloha with love” လို့ အမည်ရတဲ့ ပေါ့ပေါ့ ပါးပါး အချစ်မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဘဝအတွက် မှတ်သား ဖွယ်ရာ စကားလုံးတွေ၊ အချစ်ရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေ၊ ပြဿနာတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မြင်တတ်တဲ့ ရှူထောင့်မတူပုံ တွေကို ဗိသုကာပညာရှင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဒီဇာတ် ကားမှာ တင်ဆက်ပြသပေးထားပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ မာဝီကျွန်းသူလေး ဂျန်မာက အရည်အချင်းရှိတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ Los Angelesမှာ အလုပ်လုပ်နေရသူပါ။ တစ်နေ့မှာတော့ ဂျန်မာရဲ့ အချစ်ဆုံး အန်တီရဲ့ သေဆုံးမှုက ကျွန်းသူလေးကို သူ့ရဲ့ကိုယ်ပိုင်ဇာတိကို ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဈာပနပွဲလုပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့အန်တီဟာ သူ့ရဲ့အမွေ အနှစ်ဖြစ်တဲ့ အိမ်လေးကို ဂျန်မာနဲ့ သူ့ညီမဆာရာအတွက် ထားပေးခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူ့ အထက်တန်းကျောင်းတုန်းက ချစ်သူလည်းဖြစ် ကန်ထရိုက် တာလည်းဖြစ်တဲ့ ဘန် နဲ့ အတူတူမွမ်းမံပေးဖို့ သေတမ်းစာမှာ ရေးထားခဲ့တဲ့အခါ မှာတော့...ဂျန်မာတစ်ယောက် သူ့ရဲ့အလုပ်ကိုဦးစားပေးပြီး LA ကိုပြန်သွားမှာလား... ရည်းစားဟောင်းနဲ့အတူတူ ...
movie

Aloha with Love (2022)

2022