Channel Myanmar

Katia Elizarova

Our Kind of Traitor (2016) 6.2
Our Kind of Traitor (2016)  အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie

Our Kind of Traitor (2016)

Zack Snyder’s Justice League (2021) 8.9
Zack Snyder’s Justice League (2021) (function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Zack Snyder’s Justice League (2021)

4K HEVC
The Flash (2023) 7.4
The Flash (2023) The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie

The Flash (2023)

2023
4K HEVC
Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019