Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Katie Anne Moy
6.4
I Still Believe (2020)
IMDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေသူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်းခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကိုလိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်းနောက်ရက်မှာတော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲမထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီးသူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တဲ့ညမှာပဲ ...
movie
I Still Believe (2020)