Channel Myanmar

Katie Finneran

Firehouse Dog (2007) 5.5
Firehouse Dog (2007)  ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့်မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေးကြည့်ရှုရမယ့်ကားလေးပါပဲ....။ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှုသွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့စူပါစတားခွေးလေးပေါ့...။သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် "Jurassic Bark"(ဂျူရက်စစ်ဟောင်သံ)တို့"The Fast & The Furriest"(လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့...။ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက်လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကိုလိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ....။ File size…2.57 GB/1.35 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre …..Action ,  Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Firehouse Dog (2007)

Death to Smoochy (2002) 6.3
Death to Smoochy (2002) Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie

Death to Smoochy (2002)

Freaky 2020 6.6
Freaky 2020 ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw
movie

Freaky 2020