Channel Myanmar

Katie McGovern

The Good Witch of Christmas (2022) 4.6
The Good Witch of Christmas (2022) The Good Witch Of Christmas (2022) ==========================ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့ အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရင်း ကြည့်လို့ရမယ့် ခရစ် စမတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ခရစ်စမတ်ကာလရဲ့ နာမည်ကျော်သူခိုးကြီးတွေဖြစ်တဲ့ ဖရန့်ခ်နဲ့ တိုနီတို့ နှစ်ယောက်တို့ဟာ ဖရန့်ခ်ရဲ့ ညီဖြစ်သူက မွေးတဲ့ လီယမ်နဲ့ အိုလစ် ဗီယာဆိုတဲ့ ကလေးနှစ်ယောက်ကို ထိန်းပေးဖို့ရာ အကြောင်းဖန်လာ ပါတယ်။ဆန်တာကလော့စ်နဲ့ ခရစ်စမတ်လက်ဆောင်တွေကို အရမ်းယုံကြည်တဲ့ အိုလစ်ဗီယာနဲ့ ခရစ်စမတ်ကို အယုံအကြည်မရှိတဲ့ လီယမ်တို့ဆီ ဆန်တာရဲ့ နတ်သူငယ်တစ်ပါးဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး၊သူတို့ရဲ့ မိဘတွေဆီကိုတော့ ဆန်တာကလော့စ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားတဲ့အခါမှာ... ခရစ်စမတ်ကာလတိုင်း မရိုးနိုင်တဲ့ မိသားစုဇာတ်လမ်းလေးကို ရယ်ရွှင်ဖွယ်ရာ များနဲ့အတူ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe  ဖြစ်ပါတယ်)File Size..........(1.3 GB) / (600 MB) / (311 MB) Quality............WEB-RIP 1080p / 720p / 360p Duration.........1Hr 27mins Subtitle...........Myanmar ...
movie

The Good Witch of Christmas (2022)

2022
Love in the Villa (2022) 5.3
Love in the Villa (2022) Love in the Villa (2022) =================အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.95 GB) / ...
movie

Love in the Villa (2022)

2022
Christmas Thieves (2021) 5.1
Christmas Thieves (2021) Christmas Thieves (2021)=====================ကဲ ခရစ်စမတ်ကာလကို နီးကပ်စပြုလာပြီဆိုတော့ ခရစ်စမတ်အငွေ့အသက်လေးတွေ ဖုံးလွှမ်းနေတဲ့ Christmas Thieves ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဖရန့် နဲ့ ဗင့်စ်တို့ကတော့ စိတ်တူကိုယ်တူ ခိုးလည်း အတူတူ ခိုးတဲ့သူငယ်ချင်းတွေပါ သူတို့နှစ်​ယောက်ဟာ ခိုးမှုကြောင့် ဖမ်းခံနေရပေမဲ့လည်းဆက်ခိုးနေတုန်းပါပဲ ခရစ္စမတ်အကြိုနေ့မှာတောင် ခိုးတဲ့ ဒီသူခိုးနှစ်ကောင်က အချက်ပေးသံမြည်လာတဲ့အတွက်ကြောင့် ရဲလက်က ထွက်ပြေးရင်းနဲ့၈နှစ်အရွယ်လီယမ်နဲ့၄နှစ်အရွယ် အိုလီဗီယာတို့အိမ်ကို ရောက်သွားပါတယ် ဖြစ်ချင်တော့ အိုလီဗီယာတို့အမေက ရဲအရာရှိဖြစ်ပြီး ငတက်​ပြားနှစ်ယောက်ကိုဖမ်းဖို့အတွက် သူတို့ကို ကလေးထိန်းခေါ်ပေးပြီးထားခဲ့တာပါ။ အ​ပြင်မှာသူတို့ကိုဖမ်းချင်တဲ့ရဲတွေလက်က လွှတ်ဖို့အတွက် ဖရန့်နဲ့ဗင့်စ်တို့ နှစ်ယောက်လည်းကလေးထိန်းလိုမျိုးဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဖရန့် နဲ့ ဗင့်စ်တို့နှစ်ယောက် ရဲလက်က လွတ်အောင်ပြေးနိုင်မှာလား မြုပ်ကွက်လေးတခုလည်းပါပြီးတော့ စိတ်ဝင်စားစရာကောင်းတာမို့လို့ ပရိသတ်အားလုံး မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, ...
movie

Christmas Thieves (2021)

2021