Channel Myanmar

Katie Parker

Angry Neighbors (2023)
Angry Neighbors (2023) Angry Neighbors (2022)ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ... လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ... အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by ...
movie

Angry Neighbors (2023)

2022
Absentia (2011) 5.8
Absentia (2011)  Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ...
movie

Absentia (2011)

Next Exit (2022) 5.7
Next Exit (2022) Next Exit (2022)အခုတလောမှ အသစ်ထွက်လာတဲ့ Sci-Fi/ Drama ကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.6, Rotten Tomatoes 85 % အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ နောက်ဘဝဆိုတာ တကယ်ရှိကြောင်း အတည်ပြုထားတဲ့ အနာဂတ်ကာလတစ်ခုမှာ ရို့စ်ဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ နောက်ဘဝကို ကူးပြောင်းပြီး ဝိညာဥ်အဖြစ်နေနိုင်အောင် ကူညီပေးတဲ့ Life Beyond ဆိုတဲ့ လေ့လာရေးအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့ဆီ သွားရမှာပါ။ သို့သော် ရို့စ်ဟာ အစီအစဉ်ကပေးတဲ့ လေယာဉ်နဲ့ မသွားချင်ဘဲ ကားနဲ့ သွားချင်တာကြောင့် အငှားကားငှားဖို့ အငှားကားကုမ္ပဏီဆီကိုရောက်ခဲ့ပါတယ်။ တက်ဒီဆိုတဲ့ လူတစ်ယောက်ဟာလည်း ထိုအစီအစဉ်မှာ ပါဝင်ဖို့ သွားရမှာဖြစ်တာကြောင့် အငှားကားကုမ္ပဏီကို ရောက်လာပါတယ်။ သို့သော် အငှားကားကုမ္ပဏီမှာ အဆင်မပြေဖြစ်ရာကနေ နှစ်ဦးသား သွားမယ့်နေရာကလည်း တူနေတာမို့ နှစ်ယောက်သား ကားတစ်စီးတည်းနဲ့ ခရီးအတူတူသွားဖို့ ဖြစ်လာပါတော့တယ်။ \ ခရီးတစ်ခုတည်းကို အတူတူသွားကြမယ့် လူနှစ်ယောက်က ဘာကြောင့် ...
movie

Next Exit (2022)

Doctor Sleep (2019) 7.5
Doctor Sleep (2019) IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie

Doctor Sleep (2019)

2019
HEVC 1080p 5.1
Like a Boss (2020) 4.2
Like a Boss (2020) ဒီကားလေးကတော့နာမည်ကြီးမင်းသမီးတွေပါဝင်ထားတဲ့ဟာသနဲ့သူငယ်ချင်းဆက်ဆံရေးလေးအကြောင်းကိုရိုက်ကူးပြထားတဲ့ကားလေးပါမီယာနဲ့မဲလ်တို့က သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအသေးလေးဖြစ်တဲ့အလှပြင်ဆိုင်နဲ့မိတ်ကပ်တွေထုတ်တဲ့ကုမ္ပဏီအသေးလေးကိုတူတူလုပ်ကိုက်နေကြတဲ့အရမ်းကိုချစ်တဲ့သူငယ်ချင်းကောင်းတွေပါဒါပေမယ့် လုပ်ငန်းကအဆင်ပြေတာနည်းနည်း မပြေတာများများဖြစ်နေတာကြောင့် အကြွေးတွေဝိုင်းပြီးပိတ်ရလုစဲစဲဖြစ်နေတုန်းမှာပဲစီးပွားရေးကိုနားလည်ပါးရိုက်လုပ်တတ်တဲ့makeup industry ကကလဲရီတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ....သူတို့နှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်တဲ့စိတ်တွေသူငယ်ချင်းဆက်ဆံရေးတွေကို ကလဲရီဘယ်လိုတွေဖျက်စီးပစ်မလဲသူတို့နှစ်ယောက်ကရောဘယ်လိုတွေရှေ့ဆက်မလဲဆိုတာလူတွေရဲ့စိတ်နေစိတ်ထားပြောင်းလဲမှုတွေ မနာလိုမှု​တွေလောဘတွေကိုဟာသလေးတွေနဲ့သေချာရိုက်ပြထားတာပါ File Size : ( 784 MB , 344 MB) Quality : BluRay 720p Running Time : 1 hr 23 min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue & Moe Lay Encoded by Moe Myint Lwin 
movie

Like a Boss (2020)