Channel Myanmar

Katsuo Nakamura

Godzilla Against MechaGodzilla (2002) 6.6
Godzilla Against MechaGodzilla (2002) Godzilla Against MechaGodzilla (2002) ============================= IMDb Rating - 6.6/10Japan တွေရဲ့ Godzilla franchise ထဲကမှ လက်ရှိခေတ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Millennium era ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားဟာလည်းထုံးစံအတိုင်း Godzilla film series တွေထဲကဇာတ်ကားတိုင်းကိုပယ်ဖျက်ထားပြီး 1954 Godzilla တစ်ကားကိုပဲ နောက်ကြောင်းခံထားတာပါ။ direct sequel ဖြစ်တဲ့ Godzilla: Tokyo S.O.S လည်းမကြာခင်လာ ပါ့မယ်။မူလဂေါ်ဇီလာတိုက်ခိုက်မှုအပြီး ၄၅ ခုနှစ်အကြာ ၁၉၉၉ ခုနှစ်မှာ ‌ ပြန်ပေါ်လာတဲ့ ဂေါ်ဇီလာရဲ့တိုက်ခိုက်မှုတွေကြောင့် ဂျပန်အစိုးရဟာ အခက်တွေ့နေရပါတယ်။ မူလဂေါ်ဇီလာကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ တဲ့လက်နက်ကလည်း ကမ္ဘာဖျက်လက်နက်ဖြစ်လာမှာစိုးရိမ်လို့ လျှို့ဝှက်ချက်တွေကိုသေသည့်အထိ ဖုံးကွယ်သွားခဲ့တဲ့ သိပ္ပံပညာ ရှင်နဲ့အတူပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ဂေါ်ဇီလာကိုရင်ဆိုင် ဖို့အတွက် မူလဂေါ်ဇီလာရဲ့အရိုးတွေကိုအသုံးပြုပြီး ရိုဘော့ဂေါ် ဇီလာတစ်ခု ဖန်တီးပြီး ဂေါ်ဇီလာကိုရင်ဆိုင်ကြပုံကိုရှုစားကြရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.79 GB) / (1.06 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi, Thriller Translator.......Alias Encoder..........SWM
movie

Godzilla Against MechaGodzilla (2002)

2002
Kwaidan (1964) 7.9
Kwaidan (1964) Kwaidan (1964)~ IMDb - 7.9/10, Rotten Tomatoes - 91% ~ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း...ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု...တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု...နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း...ရှေးခေတ်ဂျပန် ...
movie

Kwaidan (1964)

1964
Dororo (2007) 6.4
Dororo (2007) Dororo (2007) IMDb 6.4/10_____Rotten Tomatoes 54%    ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်... အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်... မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Cafeo Wine ဖြစ်ပါတယ်။)   File size…(1.16 GB) Quality…WEB-DL Rip 720p Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cafeo ...
movie

Dororo (2007)

2007
Silence (2016) 7.2
Silence (2016) Silence (2016) IMDb - 7.2/10_____Rotten - 83%  Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ...
movie

Silence (2016)

2016