Channel Myanmar

Katy Brand

Walking on Sunshine (2014) 5.5
Walking on Sunshine (2014)  ဒီကားကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး posterကြည့်လိုက်တာနဲ့ရွှင်ရွှင်မြူးမြူး Musicalကားလေးဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။Gabriel's Infernoကားတွေရဲ့ မင်းသားချော Giulio Berrutiလည်းပါဝင်ထားပါတယ်။ Meddieဟာ အီတလီနိုင်ငံ ပူလီယာကမ်းခြေမှာ ရည်းစားသက်တမ်းသိပ်မကြာသေးတဲ့ချစ်သူနဲ့ လက်ထပ်ဖို့ပြင်ဆင်နေပါတယ်။ Meddie မသိတာကသူ့ရဲ့ခင်ပွန်းလောင်းဟာ သူ့ညီမTaylorရဲ့ ရည်းစားဟောင်းဖြစ်နေတာကိုပေါ့။Taylor အနေနဲ့လည်း အစ်မဖြစ်သူရဲ့ စပရိုက်စ်အတိုက်ခံလိုက်ရပြီး သူ့ခဲအိုဟာသူမမေ့နိုင်သေးတဲ့ချစ်သူဆိုတော့ ပျာယာတွေခတ်ကုန်တာပေါ့။ ဒါပေမဲ့သူ့အစ်မကောင်းကျိုးအတွက် Taylor ဟာ အရာအားလုံးကို ဖုံးကွယ်ထားဖို့ကြိုးစားပါတော့တယ်။ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးဟာ ဘယ်လိုဆက်ဖြစ်မလဲ၊အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ကရော ဆက်ပြီးအဆင်ပြေပါ့မလား၊သူငယ်ချင်းတွေကရော ဘယ်လိုကူညီပေးကြမလဲဆိုတာ ၈‌‌၀ ခုနှစ်ကနာမည်ကြီးပေါ့သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ကြရမှာပါ။  File size…1.84GB / 961MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Musical Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Walking on Sunshine (2014)

Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie

Father Christmas Is Back (2021)

2021