Channel Myanmar

Katy Wilson

Anglerfish 4.1
Anglerfish Anglerfish (2023) =============ခရစ်ယာန်သမ္မာကျမ်းစာအရ ၁၉၀၆ ခုနှစ်က ကမ္ဘာပျက်ကိန်း ရှိတဲ့နှစ်ပါ။ ကမ္ဘာပျက်တော့မှာမို့ တိရစ္ဆာန်တွေ စတင်ပျက်စီး လာကြပြီး အဆက်မပြတ်သေဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် လူသူမရှိတဲ့တောထဲမှာ ထူးဆန်းတဲ့ လင်မယား နှစ်ယောက် နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ ဇနီး ဖြစ်သူက လမ်းလျှောက်ထွက်လာရင်း မြစ်ကမ်းနံဘေးမှာ အလောင်းတစ်လောင်းကို မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့မိခဲ့တယ်။အဆိုပါ အမျိုးသမီးမြှုပ်နေတဲ့အလောင်းက ယောက်ျားဖြစ် သူရဲ့အလောင်းဖြစ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ တတွတ် တွတ်ဆိုလာခဲ့ပါတော့တယ်။ သူတို့တွေ ကမ္ဘာသစ်ဆီ ရောက် သွားနိုင်မလား၊ ပျက်စီးတော့မဲ့ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့မလား ဆိုတာကတော့........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.3 GB) / (425 MB) / (269 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Western Translator.......May Thet Khine Soe Encoder..........SWM
movie

Anglerfish

2022
A Rose for Her Grave: The Randy Roth Story(2023) 6.5
A Rose for Her Grave: The Randy Roth Story(2023) A Rose for Her Grave: The Randy Roth Story(2023)*********************************************“လူယုံသတ်လို့သေ”၊ “ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊ “နောက်ကျောကို ဓါးနဲ့ထိုး” ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက်ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက်ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသားဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။File Size ...
movie

A Rose for Her Grave: The Randy Roth Story(2023)