Channel Myanmar

Kavi Shastri

Happy New Year (2014) 5.1
Happy New Year (2014) Happy New Year !!!!အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ...
movie

Happy New Year (2014)

2014
HEVC 1080p 5.1
Neerja (2016) 7.7
Neerja (2016) ၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါသေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ် သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါတကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ............File Size         : 870 MB Quality           : Blu ray 720P Running Time : 2hr ...
movie

Neerja (2016)