Channel Myanmar

Kaya Kiyohara

My Blood and Bones in a Flowing Galaxy (2020) 6.7
My Blood and Bones in a Flowing Galaxy (2020) My Blood & Bones in a Flowing Galaxy (2020)~ IMDb – 6.7/10, MyDramaList – 7.9/10 ~ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ...
movie

My Blood and Bones in a Flowing Galaxy (2020)

2020
March Comes in Like a Lion Part1 (2017) 6.6
March Comes in Like a Lion Part1 (2017) March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie

March Comes in Like a Lion Part1 (2017)

In the Wake (2021) 6.2
In the Wake (2021) In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတ​ဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မ​ှာ ...
movie

In the Wake (2021)

You’re Not Normal, Either! (2021) 6.6
You’re Not Normal, Either! (2021) စာမေးပွဲအနီးကပ် စာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ "အိုနို-စံ"က သချင်္ာတွက်ရတာကြိုက်တဲ့စာကြမ်းပိုးတစ်ယောက်ပါ။ သူက ရုပ်ချော အရပ်ရှည်ပေမဲ့ စာကလွဲပြီး ဘာမှမသိတာကြောင့် ပုံမှန်လိုမျိုး ရည်းစားမထားနိုင်ဖြစ်နေတာပါ။ ဥပမာပြောရရင် ကောင်မလေးတစ်ယောက်က သူ့ကိုကြိုက်ကြောင်းဖွင့်ပြောလာရင်တောင် "ဘယ်လောက်ပမာဏထိကြိုက်တာလဲ"လို့ပြန်မေးပြီး လာကြိုက်တဲ့သူကို တပ်ခေါက်သွားအောင် လုပ်နိုင်တဲ့သူတစ်ယောက်ပါ။ သူစာသင်ပေးနေတဲ့ "အခိမိုတို"ဆိုတဲ့ကျောင်းသူလေးမှာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူတစ်ယောက်ရှိပါတယ်။ သူကြိုက်နေတဲ့သူက ကလေးတွေအတွက် သင်ကြားရေးအရုပ်တွေရောင်းတဲ့ကုမ္ပဏီကိုဦးစီးပြီး တိုးတက်ရေးဟောပြောပွဲတွေလည်း လုပ်လေ့ရှိတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့ မီရမိုတို-စံပါ။တစ်နေ့ကျတော့ ကျောင်းသူလေးက ဟောပြောပွဲတစ်ခုမှာ မီရမိုတို-စံကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစကားသွားပြောပြီး စာတစ်စောင်လည်းပေးခဲ့ပေမဲ့ မီရမိုတို-စံက မကြာခင် လက်ထပ်တော့မယ့်ချစ်သူရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။ကျောင်းသူလေး အခိမိုတို-စံ အသည်းကွဲပြီးပြန်လာတုန်း ဆရာအိုနိုနဲ့စာသင်ရင်း စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူကအကြံရသွားပြီး ဆရာ့ကို "ပုံမှန်လူတစ်ယောက်လို ဒိတ်နိုင်အောင် လေ့ကျင့်ပေးမယ်"လို့ လိမ်ပြောပြီး ဆရာနဲ့ မီရမိုတို-စံရဲ့သတို့သမီးလောင်းကို အောင်သွယ်ပေးဖို့လုပ်ပါတော့တယ်။ ပုံမှန်ဆိုတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ရပ်တွေကရော ထင်ထားသလောက် သဘောကျစရာကောင်းရဲ့လား။ ပုံမှန်လို့သတ်မှတ်ထားကြတဲ့လူတွေရဲ့ လှပတဲ့အဖြစ်အပျက်တွေရော အရုပ်ဆိုးတဲ့လိမ်ညာဟန်ဆောင်မှုတွေကိုရော ဒီကားထဲမှာကြည့်ရမှာပါ။ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာလည်း ...
movie

You’re Not Normal, Either! (2021)

The Door into Summer (2021) 6.6
The Door into Summer (2021) The Door into Summer =============================ဒီတစ်ခါမှာတော့ Robert A Heinlein ရေးသားပုံဖော်ထားခဲ့တဲ့သိပ္ပံစိတ်ကူးယဥ်ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့The Door into Summer အမည်ရ ဂျပန်ရုပ်ရှင်ကို တင်ဆက်ပေးပါရစေဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ကတော့အခြားသူမဟုတ်ဘူး Alice in the borderland ပရိသတ်တွေဆိုရင် ကျိန်းသေ သိကိုသိကြမဲ့နာမည်ကြီး မင်းသား Kento Yamasaki ပဲ ဖြစ်ပါတယ်Alice in the borderland မှာ အပီကြမ်းပြသွားတဲ့ Kento တစ်ယောက် ဒီရုပ်ရှင်ထဲမှာလည်းပရိသတ်ကြီးကို ဦးနှောက်သုံးပြီး စဥ်းစားခန်း ထပ်ဖွင့်ခိုင်းဦးမှာပါဒါဆိုရင် ဇာတ်လမ်းအကျဥ်းကို စကြည့်လိုက်ရအောင်ငယ်စဥ်ကထဲက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ တာကာကူရာ ဆိုအီချီရို ဆိုတဲ့ ကောင်လေးတစ်ယောက်....ဆွေမျိုးသားချင်းလည်းမရှိ အဖော်ဆိုလို့ ပီတိုလို့ခေါ်တဲ့ ကြောင်လေးနဲ့သာ နှစ်ဦးထဲ အတူနေခဲ့ရာကနေတစ်နေ့မှာတော့ မွေးစားမိဘတွေနဲ့အတူရီခိုလို့ခေါ်တဲ့ ညီမလေးတစ်ယောက် ဆိုအီချီရိုရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့ပါတယ်မွေးစားဖခင်နဲ့အတူ ဆိုအီချီရိုတစ်ယောက် နည်းပညာအသစ်အဆန်းတွေ ...
movie

The Door into Summer (2021)

2021
Josee, the Tiger and the Fish (2020) 8.0
Josee, the Tiger and the Fish (2020) အချစ်ဟာ သိပ်ကို ဆန်းကြယ်လှပါတယ်.တခါတလေ နေ့ခင်းဘက်ကြီး မီးထိုးလိုက်ရှာရင်းတောင်မတွေ့တက်ပေမယ့် တခါတလေမှာတော့အချစ်ဟာ မှာ ဝှီးချဲပေါ်ကနေကိုယ့်ဆီကို ဒိုင်ဗင်ပစ်ပြီးလည်း ရောက်လာတတ်ပါတယ်မိဘတွေရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်မလေးနဲ့ခပ်ရိုးရိုးတက္ကသိုလ်ကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုAnimeရုပ်ထွက်လှလှလေးနဲ့ ကြည့်ရမှာပါ.............ဇာတ်လမ်းအကျဉ်း ---------------အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် အလုပ်ကြိုးစားနေတဲ့Suneo ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးဟာတစ်နေ့အလုပ်ကအပြန် ဝှီးချဲပေါ်ကနေသူ့အပေါ်ကိုပြုတ်ကျလာတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိရာကနေ အဲ့ကောင်မလေးအိမ်မှာအလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်အလိုလိုက်ခံထားရလို့ ဆိုးနေတဲ့ကောင်မလေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို Suneo တစ်ယောက်သည်းခံရင်းနဲ့နောက်ဆုံးမှာ အားငယ်စိတ်ကိုဖုံးကွယ်ထားတဲ့ သူမရဲ့ပုံစံအမှန်ကို သိသွားမလားစာအုပ်တွေအရမ်းဖတ်ပြီး ပုံဆွဲတော်တဲ့ Josee နဲ့ ငါးလေးတွေကိုချစ်ပြီး စာတော်တဲ့ Suneo တို့နှစ်ယောက်ကိုနီးစပ်သွားစေတဲ့အရာကရောဘာများဖြစ်မလဲဆိုတာကို ရင်ထဲနွေးထွေးသွားအောင် ရိုက်ကူးပြသထားတဲ့Anime ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်  File size…1.45GB / 700MB / 400MB Quality…1080p / 720p / 480p Format…Mp4 Duration….1h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Josee, the Tiger and the Fish (2020)

2020
Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)

Tomorrow I Will Date With Yesterday’s You (2016) 7.7
Tomorrow I Will Date With Yesterday’s You (2016) ဂျပန်​နိုင်​ငံရဲ့ဘူတာရုံတခုမှာစပြီးဖြစ်​ပျက်​ခဲ့တဲ့ ဇာတ်​လမ်း​လေးပါ ပန်းချီဆရာ​ပေါက်​စ​လေး တာကာတိုချီဟာ တက္ကသိုလ်​သွားတဲ့ရထား​ပေါ်မှာ ​ကောင်​မ​လေးတစ်​​ယောက်​ကိုစပြီးမြင်​ဖူးခဲ့တယ်​မြင်​မြင်​ချင်းပဲ​ချစ်​မိသွားပီး​တော့ ​ယောကျာ်း​လေးတို့ထုံးစံအတိုင်းပဲ ဘူတာဆင်း​တော့​လိုက်​သွားတာ​ပေါ့ ​ကောင်​မ​လေးကလဲ​ရေ​ရေလည်​လည်​လန်းတာကိုးE-mail လိပ်​စာ​တေဖုန်း​တွေ​တောင်းတယ်​ ​ကောင်​မ​လေးကလဲ ​ကောင်​​လေးရဲ့ ပွင့်​လင်းမှုကိုသ​ဘောကျသွားပီး​နောက်​​နေ့ပြန်​ဆုံဖို့ချိန်းလိုက်​တယ် ​ ​ဒီလိုနဲ့ဆုံဖြစ်​ရင်း ချစ်​မိသွားကြတာ​ပေါ့ ထူးဆန်းတာတခုက ​ကောင်​မ​လေး​ပြောသမျှစကား​တွေကထူးဆန်း​နေပီး​တော့ ​ပြောသမျှစကားတိုင်းဖြစ်​ပျက်​​နေလို့ အံအားသင့်​ရ​လောက်​​အောင်​ပဲ ​နောက်​​တော့ သူတို့​တွေ ဘာ​တွေဆက်​ဖြစ်​ကြမှာလဲ ​ကောင်​မ​လေးနဲ့​ကောင်​​လေးရဲ့ပတ်​သတ်​မှု​တွေက​ကော ဘလို​တွေထူးဆန်း​နေတာလဲ ​အကြားအမြင်​​များရ​နေတာလား ထူးဆန်း​နေတာလား ဆိုတာ​တော့ ပရိသတ်​ကြီးထင်​ထား​လောက်​​အောင်​​ထူးဆန်းတာ​တွေ မြင်​​တွေ့ခံစားရမှာပါ ရသစုံ​အောင်​ရိုက်​ကူးထားတဲ့ Japan Drama ကား​လေးဖြစ်​လို့ မျက်​ရည်​မလွယ်တဲ့သူ​တွေအထူး ကြိုက်နှစ်သက်မယ့်ကားလေးဖြစ်ပါတယ်....   Quality…..BluRay 720p Duration…..01:51:00 Format…Mp4 File Size…(793 MB , 308 MB) Translator.....Pyae Xeinn Sett Encoder…..Moe Myint Lwin
movie


2016