Channel Myanmar

Kayla Wallace

Snowed In for Christmas (2021) 6.2
Snowed In for Christmas (2021) Snowed In for Christmas (2021) ======================== IMDb rating - 6.2/10ပရိတ်သတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ခရစ်စမတ်မှာ ကြည့်ရှူနှုန်း 613 အထိတက်လာတဲ့ ခရစ်စမတ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ - ကေလီ ကန်နင်းဟမ်မိသားစုက သမီးလေးနှစ်ယောက်ဖြစ်တဲ့ လီလီနဲ့ ရိုစီကို ထိန်းပေးနေတဲ့ကလေးထိန်းတစ်ယောက်ပါ။ ခရစ်စမတ်ကျရင် သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကိုပြန်ပြီး အနားယူနေပေမဲ့ ဒီနှစ်မှာတော့ လီလီနဲ့ရိုစီရဲ့မိဘတွေက နှင်းမုန်တိုင်းကြောင့် နယူးယော့ခ်မှာပိတ်မိနေ တာနဲ့ သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကို မပြန်ရဘဲ လီလီနဲ့ရိုစီရယ် တခြား နယ်တစ်နယ်ကရောက်လာတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ဦး လေးရယ်နဲ့ပိတ်မိနေပါတော့တယ်။ဒီဇာတ်လမ်းလေးမှာတော့ ခရစ်စမတ်မှာ မိသားစုတွေအတူတူခရစ်စ မတ်ကိုဖြတ်သန်းကြပုံနဲ့ ကေလီနဲ့အီသန်တို့ဘယ်လိုချစ်မိသွားကြမလဲ ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ခရစ်စမတ် vibe အပြည့်နဲ့ကြည့်ရ မယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကြည့်ရှူပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.69 GB) / (558 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......June Encoder..........SWM
movie

Snowed In for Christmas (2021)

2021
Heatwave (2022) 5.1
Heatwave (2022) Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie

Heatwave (2022)

2022
Feeling Butterflies (2022) 6.8
Feeling Butterflies (2022) Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့‌လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာ‌လေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်‌ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာ‌တော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie

Feeling Butterflies (2022)

2022
Once Upon a Prince 2018 6.4
Once Upon a Prince 2018 အကောင်းဆုံးဆိုတဲ့ အချစ်ကားကိုကြည့်ဖူးချင်တာလား ... ဇာတ်လမ်းက အမေရိကန်ကားဆိုပေမယ့် sexနဲ့ ပတ်သက်တဲ့ စကားတစ်လုံးတောင် မမြင်ရတဲ့ အတွက် အရမ်း Classicဆန်တဲ့ကားလေးဖြစ်သလို... ဘုရင့်မင်းသားတစ်ယောက်အကြောင်းကို အတော်ကြီး ငွေကြေးကုန်ကျခံပြီးရိုက်ထားတဲ့ကားဖြစ်ပြီး မမြင်ဖူးတာတွေ၊မသိခဲ့ရတဲ့ ဗဟုသုတတွေကို အသေးစိတ်ကျကျ မြင်တွေ့လေ့လာမှာဖြစ်တဲ့အတွက် အတော်လေးအချိန်ပေးကြည့်ရတာ တန်တဲ့ကားမျိုးလေးပါ။ ရှင်းရှင်းပြောရရင် တကယ့်ကို စံတင်ရလောက်တဲ့ ကားကောင်းပါပဲ ဇာတ်လမ်းအကျဉ်းက ဘုရင်ဖြစ်ဖို့အတွက် ရက်သတ္တပါတ်လောက်ပဲလိုတော့တဲ့ ဘုရင့်မင်းသားဟာ ...စိန့်ဆိုင်မွန်ကျွန်းလေးတွင် ခဏအနားယူနေစဉ်အချိန်မှာ စူဇန်နာ ဆိုတဲ့ ပြုံးပြုံးရွှင်ရွှင်မိန်းကလေးတစ်ဦးနဲ့ သိမိခဲ့ပြီး ...ချစ်မိသွားခဲ့ပါတယ် ဒါပေမယ့် သိတယ်မို့လား...တစ်ခါတလေတော့လည်း လူဆိုတာ အခြားသူတစ်ယောက်ကို ချစ်လို့ချစ်မိမှန်း မသိဖြစ်တတ်တယ်လေ ဒါနဲ့ မင်းသားဟာ မိန်းကလေးကို မချစ်ပါဘူးလေဆိုပြီးနေရင်းကနေ...တစတစနဲ့ သိလာတဲ့ အချိန်မှာတော့ ဘယ်လိုတွေဖြစ်လာမလဲ အညတရမိန်းကလေးကို ဘုရင့်မိဘုရားအဖြစ်တင်မြှောက်လို့ဖြစ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းကို ဒေါင်းပြီးကြည့်လိုက်ကြတာပေါ့   File Size : 600 Mb and 300mb Quality : ...
movie

Once Upon a Prince 2018

Undercover Cheerleader 2019 4.8
Undercover Cheerleader 2019 အော်တွမ်ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ သူ့အမေနဲ့အတူ နယူးယောက်ကနေ နယ်ဒေသတစ်ခုကို ပြောင်းလာခဲ့ကြတယ်။ အော်တွမ်က ဆောင်းပါးရေးတာနဲ့ အကကို ဝါသနာပါသူတစ်ယောက်ဖြစ်တယ်။ ကျောင်းအသစ်ကို စတက်တဲ့ ပထမဆုံးရက်မှာ ကျောင်းသတင်းစာမှာ ဆောင်းပါးရေးသူအဖြစ် အလုပ်လုပ်တဲ့ ကေရာဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ဆောင်းပါးရေးရတာ ဝါသနာပါတဲ့ အော်တွမ်ကို ကေရာက သူနဲ့တူတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အော်တွမ်တက်တဲ့ ဘရွတ်ဗျူးအထက်တန်းကျောင်းမှာ နာမည်ကြီးတာတစ်ခုရှိတယ်။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံစွဲတဲ့ ပန်းဖွားမယ်အဖွဲ့ ရှိတာပါပဲ။ အော်တွမ်က အကဝါသနာပါတာကို သိသွားတဲ့နောက်မှာ ပန်းဖွားအဖွဲ့က ဂျန်နီဆိုတဲ့ ကောင်မလေးက အော်တွမ်ကို လူရွေးပွဲ၀င်ရွေးခံဖို့ တိုက်တွန်းခဲ့တယ်။ ဖြစ်ချင်တော့ ကေရာနဲ့ ဂျန်နီက တစ်ယောက်ကိုတစ်ယောက် ရန်ငြိုးတွေထားပြီး မတည့်ကြတဲ့သူတွေဖြစ်နေတယ်။ ဂျန်နီ လာကမ်းလှမ်းတာကို သိသွားတော့ ကေရာက အော်တွမ်ကို ပန်းဖွားမယ် အဖြစ် ၀င်အရွေးခံဖို့ပြောတယ်။ ဒီအတွက်လည်း ကေရာမှာက ရည်ရွယ်ချက်ကောင်းကောင်းရှိနေခဲ့တယ်။ ...
movie

Undercover Cheerleader 2019