Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keanu Azka
Anwar: The Untold Story (2023)
Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie
Anwar: The Untold Story (2023)
2023
6.5
Qodrat (2022)
Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Qodrat (2022)
2022