Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keiko Toda
6.6
Yudo: The Way of the Bath (2023)
Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie
Yudo: The Way of the Bath (2023)
7.5
His (2020)
His 2020ကိုယ်ကြိုက်ချင်တဲ့လူကို ကြိုက်ခွင့်ရှိတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တဲ့ ကဲ အဓိပ္ပါယ်လေးကတော့ ထိထိမိမိနဲ့ ရှင်းရှင်းလေးပါပဲကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ သဘောသဘာဝကြီးကတော့ လွတ်လပ်ခွင့်တွေကို အပြစ်တင် ဝေဖန်တတ်ကြစမြဲဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကြီးမှာပဲ နေသားတကျဖြစ်အောင်နေရင်း ရှေ့ဆက်လျှောက်လှမ်းကြရတာပါပဲအဲ့လိုရှေ့ဆက်လျှောက်လှမ်းကြမယ့် ကောင်းလေးနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဒီဂျန်ကားလေးထဲမှာ စီးမျောကြည့်ဖို့ အကျဉ်းချုပ်လေး ပြောပြရရင်ရွှမ်နဲ့ နာဂီဆာ တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထိလည်း ဆက်ဆံရေးလေးဟာ ချိုမြိန်နေခဲ့ပါတယ်ဘွဲ့ရခါနီး တနေ့မှာတော့ မထင်မှတ်စွာပဲ နာဂီဆာက ရွှမ်ကို လမ်းခွဲပြီး ထားပစ်ခဲ့ပါတော့တယ်စိတ်ဒဏ်ရာတွေကြောင့် ရွှမ်တယောက် လူတွေနဲ့ သိပ်မဆက်ဆံရတဲ့ ကျေးလက်ဒေသလေးမှာ ဇာတ်မြုှပ်နေခဲ့ပြီး နှစ်တွေကြာပြီးနောက်နာဂီဆာဟာ သူ့ရဲ့ချစ်စရာ သမီးလေး ဆိုရာကိုခေါ်ပြီး ရွှမ့်ဆီ ပြန်ရောက်လာတဲ့ခါ...ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်နေရင်တောင် သူတို့ရဲ့လွမ်းဆွတ်အားငယ်စရာ ခံစားချက်တွေကို သိမြင်ခံစားလာစေမယ့် မိသားစုဆန်ဆန် BLကားလေးဖြစ်လို့ ရင်ထဲတခုခု စွဲကျန်နေခဲ့မှာ အသေအချာပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
His (2020)
7.1
Loved Like a Flower Bouquet (2021)
I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie
Loved Like a Flower Bouquet (2021)
7.8
Kiki’s Delivery Service (1989)
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး.... File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder - Thit San Khant
movie
Kiki’s Delivery Service (1989)
1989
7.4
Code Geass: Lelouch of the Re;Surrection (2019)
Code Geass ဇာတ်လမ်းတွေထဲက နောက်ဆုံးထွက်ဇာတ်ကားလေးပါ။Show ရဲ့အကောင်းဆုံးဇာတ်ကောင်တွေစုစည်းပြီးနောက်ဆုံးတိုက်ပွဲကြီးတစ်ပွဲအဖြစ် ဖန်တီးထားတဲ့ကားပါ။Code Geass ဇာတ်လမ်းတွေမထွက်တာလည်း တော်တော်ကြာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလီလုချ်က သူ့ကိုယ်သူစတေးပြီး ကမ္ဘာကြီးကို ကာကွယ်ပေးခဲ့ပါတယ်။ဒါကြောင့် ကမ္ဘာကြီးက အခုချိန်မှာ လုံးဝငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေပါတယ်။ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ လီလုချ်ကို အသက်ပြန်သွင်းမှာ ဖြစ်ပါတယ်။လီလုချ်ကို ပြန်အသက်မသွင်းခင်မှာ ဇီလ်ခ်စတန်နိုင်ငံကလူတွေကလီလုချ်ရဲ့ညီမဖြစ်တဲ့ ဂုဏ်ထူးဆောင်အကြံပေး နူနာလီကိုပြန်ပေးဆွဲသွားကြပါတော့တယ်။Code Geass universe ထဲက Geass တိုက်ပွဲတွေmagical mecha တိုက်ပွဲတွေကို တစ်ဝကြီး ကြည့်ရှုခံစားရမှာပါ။ File Size : ( 1 GB , 325 MB) Quality : WEBRip 720p Running Time : 1 hr 52 ...
movie
Code Geass: Lelouch of the Re;Surrection (2019)