Channel Myanmar

Keir Dullea

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

2001: A Space Odyssey(1968) 8.3
2001: A Space Odyssey(1968) 2001: A Space Odyssey(1968) IMDb....8.3;;;;;;;;Rotten....92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်...ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ ...
movie

2001: A Space Odyssey(1968)

1968
Fahrenheit 451 (2018) 5.8
Fahrenheit 451 (2018) ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (750 MB) and (350 ...
movie

Fahrenheit 451 (2018)

2018