Channel Myanmar

Keisuke Nakata

My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
You Are the Apple of My Eye (2018) 6.9
You Are the Apple of My Eye (2018)   You Are the Apple of My Eye လို့မြင်မိတာနဲ့ ကျွန်တော်တို့ရင်ထဲ ဆစ်ခနဲနာလာတတ်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့ကြတယ်မလား...၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန်ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါမယ်....ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါ။ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။ လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။ ဘဝရဲ့ ပထမဆုံးတွေ ...
movie

You Are the Apple of My Eye (2018)

2018