Channel Myanmar

Keith McErlean

Flora and Son (2023) 7.1
Flora and Son (2023) Flora and Son (2023)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ...
movie

Flora and Son (2023)

2023
Flyboys(2006) 6.7
Flyboys(2006) Flyboys(2006)*************ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်းအရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကိုတဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Flyboys(2006)

Nowhere Special(2021) 7.8
Nowhere Special(2021) Nowhere Special(2021)အညွှန်း**************************IMDb...7.8Heart touching Drama တွေကိုနှစ်ခြိုက်ရင် recommend ပေးပါတယ်..Based on true events ဖြစ်ပြီး ဇာတ်လမ်းကတော့ ရိုးစင်းသယောင်နဲ့အတော်တော့ဆန်းပါတယ်...ဂျွန်က အသက် ၃၄ နှစ်အရွယ် ပြတင်းပေါက်သန့်ရှင်းရေးသမားတစ်ယောက်ပါ...ဇနီးဖြစ်သူ​က သားလေးမိုက်ကယ်ကိုမွေးပြီး ခြောက်လအကြာမှာပဲသူ့ဇာတိ ရရှားကိုအပြီးပြန်သွားပြီး ဂျွန်တို့သားအဖကိုထားခဲ့ပါတယ်....... အဲဒါကြောင့် ဂျွန်ဟာ သူ့ဘဝတစ်ခုလုံးကို ပုံအောပြီး မိတဆိုးသားလေးမိုက်ကယ့်ကို ပြုစုပျိုးထောင်ဖို့ရည်ရွယ်ထားပေမယ့် အေးချမ်းရိုးရှင်းတဲ့သူတို့သားအဖဘဝလေးဟာ သိပ်မကြာခင် ပျက်စီးရပါတော့မယ်...ဘာကြောင့်လဲဆိုတော့ ဂျွန်ဟာ ရောဂါကျွမ်းနေပြီဖြစ်လို့ လပိုင်းပဲ အသက်ရှင်ရတော့မှာမို့လို့ပါပဲ..သူ့ဘဝလက်ကျန် လပိုင်းသောအချိန်လေးအတွင်းမှာ လူမမယ်သားလေးမိုက်ကယ်ကိုနွေးထွေးစစ်မှန်တဲ့ မိဘမေတ္တာပေးနိုင်မယ့် မွေးစားမိဘတွေကို လိုက်ရှာရတော့မှာဖြစ်ပါတယ်...မျက်စိမမှိတ်ခင် သူ့စိတ်တိုင်းကျမွေးစားမိဘတွေ ရှာတွေ့မတွေ့ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါဦး...မိုက်ကယ်အဖြစ်သရုပ်ဆောင်ထားတဲ့ကလေးလေးက သရုပ်ဆော်အရမ်းတွေလွန်းသလိုချစ်ဖို့လည်းကောင်းပါတယ်... File Size :(1.6GB)(966 MB) and (328 MB) Quality : WEB-DL 720p Format…mp4 Duration…01:36:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Nowhere Special(2021)