Channel Myanmar

Kelechi Udegbe

Mami Wata (2023) 6.6
Mami Wata (2023) Mami Wata (2023) =============== IMDb Rating - 6.6/10"Mami Wata"ဆိုတဲ့ ဇာတ်ကားလေးဟာ အရမ်းကိုခေတ်နောက် ကျကျန်နေခဲ့တဲ့ အီရီရွာလေးကို အခြေတည်ပြီးရိုက်ကူးထားတဲ့ ပညာပေးဆန်ဆန်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကွယ် ယုံကြည်မှုမှာရော၊ လူတွေကိုယုံကြည်တဲ့နေရာမှာရော ဘယ်အရာ ကိုမှ အစွန်းမရောက်သင့်ဘူးဆိုတဲ့သင်ခန်းစာ‌လေးကို မီးမောင်းထိုး ပြသွားတာပေါ့။ ထူးခြားတာက တစ်ကားလုံး အဖြူနဲ့အမည်းကာ လာပဲမို့လို့  ဇာတ်ကားကပေးချင်တဲ့မက်ဆေ့ဂ်ျကို ပိုပြီးပေါ်လွင်သွား စေတယ်လို့ထင်ပါတယ်။အီရီရွာလေးက "Mami Wata"ဆိုတဲ့ ရေနတ်ဘုရားမကိုကိုးကွယ် ကြပြီး စာသင်ကျောင်းလည်းမရှိ၊ အနောက်တိုင်းဆေးပညာကိုလည်း မယုံ၊ သူများတွေ ဂန်းနဲ့ဆော်နေချိန် သူတို့က လျှပ်စစ်မီးတောင်မရ သေးတဲ့ ရွာလေးတစ်ရွာ။ အီရီရွာမှာ ရေနတ်ဘုရားမရဲ့ကိုယ်စားပြု သဘောမျိုးဖြစ်တဲ့ မေမေကြီးအိဖ်ဆိုတာရှိတယ်။ တစ်နေ့တော့ သူ့ မွေးစားသမီးက ပင်လယ်ထဲကနေ လူတစ်ယောက်ကိုကယ်လာခဲ့ရာ ကနေ သူတို့ရွာလေးရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါ တော့တယ်။ IMDb rating 6.6/10နဲ့ Rotten Tomatoes 100% ထိ ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (900 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar ...
movie

Mami Wata (2023)

2023
Adire (2023) 6.6
Adire (2023) Adire (2023) ============ IMDb Rating - 6.6/10မြို့ကြီးတစ်မြို့မှာ "နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့"ဆိုတဲ့ စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။ သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက် နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။ သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်း လိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုး သမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေ သလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက် ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ် မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ ‌သူ မသိတာကတော့ သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်း ထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (682 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 04Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ngwe Zin Encoder..........SWM
movie

Adire (2023)

2023
The Black Book (2023) 5.5
The Black Book (2023)  ဟောလီးဝုဒ်တွေ ဘောလီးဝုဒ်တွေနာမည်ကြီးနေတဲ့အချိန်မှာနောလီးဝုဒ်လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တွေကလည်းအဆင့်မြင့်လာပြီးတော့ဘောင်ဝင်တန်းဝင်လာကြပါပြီ။အခုလဲ Netflix တန်းဝင် The Black Book လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေဆိုတာကနိုင်ငံတိုင်းနေရာတိုင်းမှာရှိနေကြပါတယ်။အဲ့ဒီထဲမှာနိုက်ဂျီးရီးယားအစိုးရလဲအပါအဝင်ဖြစ်ပြီးအဲ့လိုအကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်နေတဲ့လူတွေလည်းရှိကြပါတယ်။တစ်နေ့မှာတော့ အဲ့လိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှာလုပ်ကိုင်နေတဲ့ပါမောက္ခခရေ့ဂျ်ရဲ့ မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပြီး သူ့ကိုနှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့ပါတော့တယ်။ပြီးတော့ ပြန်ပေးသမားတွေက သူတို့လိုချင်တာရပြီးသွားတဲ့အခါမှာအဲ့ဒီအမှုကို ပိတ်သိမ်းဖို့အတွက် ကောင်လေးတစ်ယောက်ကိုသတ်ပြီးတော့အပြစ်ပုံချလိုက်ပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီကောင်လေးရဲ့အဖေကနယ်နယ်ရရမဟုတ်ပဲ သွားမထိသင့်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့သားဖြစ်သူမတရားသေဆုံးရခြင်းအတွက် အဖေတစ်ယောက်အနေနဲ့တရားမျှတမှုကိုရှာဖွေပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…2.39GB / 890MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Black Book (2023)

The Trade (2023)
The Trade (2023) The Trade ကတော့ အင်္ဂလိပ်စကား​ပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်...သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ.... ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness ...
movie

The Trade (2023)