Channel Myanmar

Kelen Coleman

Cassadaga (2011) 5.5
Cassadaga (2011)  လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre …..  Horror , ...
movie

Cassadaga (2011)

True Memoirs of an International Assassin (2016) 5.9
True Memoirs of an International Assassin (2016)  True Memoirs of an International Assassin The interview လိုမျိုး စစ်အာဏာရှင်တွေကို လှောင်ပြောင်ထားတဲ့ကားဖြစ်ပါတယ်။ Mall Cop, Grown ups တို့လို့ နာမည်ကြီး comedy ကားတွေရဲ့ မင်းသား Kevin James ကပဲ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်ဆမ်ဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့ဝတ္ထုရေးကာ စာအုပ်ထုတ်ဝေခွင့်ရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး အလွန်သဘာဝကျအောင်ရေးထားတဲ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အ​ဖြစ် မှားယွင်းတင်မိလိုက်တဲ့အခါမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေပြန်ပေးဆွဲတာကိုခံရပြီး ဗင်နီဇွဲလားရဲ့သမ္မတကိုလုပ်ကြံဖို့ စေခိုင်းခံရပါတော့တယ်။စစ်အာဏာရှင်​တွေ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေပြည့်နှက်နေတဲ့နိုင်ငံမှာ ဆမ်ဟာ အသက်ရှင်ရက်အိမ်ပြန်အောင် ကြိုးစားရပုံကို အက်ရှင်နဲ့ဟာသနှောပြီး ရှုစားရမှာဖြစ်ပါတယ် File size…(1.75GB)/(996MB)/(684MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Comedy / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

True Memoirs of an International Assassin (2016)