Channel Myanmar

Kelly Albanese

Rest Stop: Don’t Look Back (2008) 4.6
Rest Stop: Don’t Look Back (2008) Rest Stop: Don't Look Back (2008) ==========================Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကို အခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာ အားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ် တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူ မိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက် နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့ အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြ ရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေး လမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ် ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက် သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာ ကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာ မိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက် မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာ တွေကိုပါ တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.86 GB) / (735 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

Rest Stop: Don’t Look Back (2008)

2008
Endings, Beginnings(2020) 5.7
Endings, Beginnings(2020) Endings, Beginnings(2020)နာမည်ကျော် မင်းသမီး Shailene Woodley ကိုယ်တိုင်အဓိကပါဝင်သရုပ်ဆောင်ထားပြီးFifty Shades ထဲက မင်းသား Jamie Dornan နဲ့  Marvel ကားတွေနဲ့ လူသိများခဲ့တဲ့Sebastian Stanလည်း ပါဝင်ထားလေတယ်...IMDB raiting 5.7 ရထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..ဒီဇာတ်ကားလေးကတော့ ဒက်ဖနီဆိုတဲ့ကောင်မလေးက သူ့ကိုအရမ်းချစ်ဂရုစိုက်ပါတယ်ဆိုတဲ့ ကောင်လေးအေဒီရီရန်ကိုလမ်းခွဲလိုက်တယ် ....အကြောင်းအရင်းကတော့သူရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေကြောင့်ပဲ ...အရမ်းချစ်ခဲ့ပေမယ့် သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးပြီးတဲ့အကျိုးဆက်က သူမအတွက် မလွယ်ကူလှဘူး...ချစ်ခဲ့စဉ်က အမှတ်တရပေါင်းများစွာကို ပြေပျောက်ဖို့အတွက် အရက်တွေနဲ့ဖြတ်သန်းခဲ့တယ်...အချိန်တစ်ခုရောက်တော့ ဘဝသစ်နဲ့ပျော်ရွှင်အောင်နေဖို့ရာ အရက်တွေဖြတ် ရည်းစားမထားဘဲ အလုပ်တွေကြိုးစားပြီးနေမယ်လို့ဆုံးဖြတ်ပြီးတော့သူ့အစ်မအိမ်ကိုသွားခဲ့တယ်...အစ်မ အိမ်ကိုရောက်ပြီး ဘဝပြန်စမယ်ဆိုခါမှသူမ မထင်ထားတဲ့အရာတွေ ဆက်တိုက်ဖြစ်တော့တာပဲ...ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (950 MB) and (476 MB) Quality : WEB-DL  720p Format…mp4 Duration…01:50:00 Genre : Drama Subtitle : ...
movie

Endings, Beginnings(2020)