Channel Myanmar

Kelly Crifer

Fogaréu (2022) 7
Fogaréu (2022) Fogaréu (2022)~ IMDb rating - 7/10 ~ဘရာဇီးနိုင်ငံ အလယ်ပိုင်းကမြို့လေးတစ်ခုရဲ့ နှစ်စဉ်ကျင်းပတဲ့ ရိုးရာစီတန်းပွဲလုပ်နေချိန်မှာ ဖာနန်ဒါဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်ရှိလာပါတယ်။ သူမက မြို့တော်၀န်ရဲ့တူမဖြစ်ပြီး သူ့မိဘတွေ အကြောင်းသိချင်လို့ ရောက်လာတာဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ ထူးဆန်းတဲ့အချက်ကတော့ မြို့ခံတွေဟာ သူတို့ဆွေမျိုး၀မ်းကွဲတွေ အချင်းချင်းပြန်လက်ထပ်ကြတာပါ။ မြို့ထဲမှာလည်း မသန်မစွမ်းတွေ ရူးနေတဲ့လူတွေ ပြည့်နေတာပါ။မွေးကင်းစကလေးတွေ မသန်မစွမ်းဖြစ်နေရင် မိဘတွေက စွန့်ပစ်လိုက်ကြပါတယ်။ မြို့ခံတွေက အဲဒီကလေးတွေကို မွေးစားပါတယ်။ အမှန်တကယ်က မွေးစားတာထက် ကျွန်တစ်ယောက်လို ခိုင်းတော့တာပါ။ ဖာနန်ဒါက သူ့ဆုံးသွားတဲ့အမေအကြောင်းစုံစမ်းရင်း ဒါတွေကိုသိလာတာပေါ့။ ဦးလေးဖြစ်သူ မြို့တော်၀န်အိမ်မှာလည်း မွေးစားထားတဲ့ ကျွန်တွေရှိနေပါတယ်။ သူတို့မိသားစုကလည်း အကုန်လုံးနီးပါး ၀မ်းကွဲချင်းလက်ထပ်ထားသူတွေပါ။ ဖာနန်ဒါရောက်လာတဲ့ အကြောင်းရင်းက သူ့မိဘရင်းတွေဘယ်သူတွေလဲဆိုတာသိချင်လို့ပါ။ သူ့အမေက အမေရင်းမဟုတ်ဘဲ မိသားစုရန်ကနေသူ့ကိုကာကွယ်ဖို့ ခေါ်ပြီးထွက်ပြေးလာဝာာကို သိနေပါတယ်။ ဦးလေးကတော့ သူ့ကို ဘာမှသေချာမပြောပြပါဘူး။ဦးလေးမြို့တော်၀န်နဲ့ သူ့သားကတော့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့လုံးပန်းနေကြတာပါ။ ...
movie

Fogaréu (2022)

2022