Channel Myanmar

Kelly Overton

Tekken (2010)
Tekken (2010) ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြားရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေကတစ်နှစ်တစ်ခါ စုစည်းပြီး "သံမဏိလက်သီး"​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကိုကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာတစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။  အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးကဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင်​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင်မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက်အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    2 GB /  1 GB Quality… BluRay 1080p / ...
movie

Tekken (2010)