Channel Myanmar

Ken Hung

The Goldfinger ( 2024 ) 6.2
The Goldfinger ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Goldfinger ( 2024 )

72 Hours – Operation Gold ( 2023 ) 5.9
72 Hours – Operation Gold ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာ အမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊ လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊ အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကို လိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး စစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာ ဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ...... အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie

72 Hours – Operation Gold ( 2023 )